မိုးသည်းထန်စွာရွာ

April 12, 2022

မိုးကုတ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး မိုးသီးကြွေ

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ဧပြီ ၁၁ ရက်ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး မိုးသီးကြွေကျခဲ့တယ်လို့ဒေသခံတွေက ပြောပါတယ်။

"ဒီကနေ့ နေ့လယ်ပိုင်းလောက်စရွာတာဗျ။ အကြမ်းရွာပြီး တိတ်သွားလိုက် ပြန်ရွာလိုက်နဲ့အခု ညနေ ၆ နာရီခွဲလောက်ကနေတော့ အခုထိ ရွာနေတုန်းပဲ လျှပ်စီးတွေ လက်တယ်ဗျာ၊ မိုးတွေလည်း ခြိမ်းတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် ရေချောင်းနဲ့ နီးတဲ့နေရာနဲ့ တောင်စောင်းကအိမ်တွေ သတိထားကြဖို့လိုတယ်လို့ ဆိုပါတယ်။

မိုးသီးအရွယ်အစား ၁ လက်မဝန်းကျင်ရှိပြီးတော့  ၁၅ မိနစ်လောက် မိုးသီးကျခဲ့တယ်လို့ ဆိုပါတယ်။

8 months Ago

October 8, 2020

လေဖိအားနည်းရပ်ဝန်းကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီး၊မြေပြိုမှုများ ဖြစ်နိုင်

လေဖိအားနည်းရပ်ဝန်းကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ပြည်နယ်နဲ့ တိုင်းအချို့မှာ ရေကြီး၊ မြေပြိုတာတွေ ဖြစ်နိုင်တာကြောင့် ကုန်းမြင့်ဒေသနေသူတွေနဲ့ မြစ်ကမ်းအနီး နေသူတွေ သတိပြုကြဖို့ မိုးဇလက သတိပေးပါတယ်။ လေဖိအားနည်းရပ်ဝန်းအဖြစ် ပြောင်းခဲ့တဲ့ အပူပိုင်းမုန်တိုင်းငယ်ဟာ ကမ္ဘောဒီးယားနိုင်ငံမှာ ဆက်လက်ရှိနေရာမှ လေဖိအားနည်း ရပ်ဝန်းအဖြစ် အားပျော့သွားပြီး အခုညနေပိုင်းမှာ မြန်မာနိုင်ငံတောင်ပိုင်းဒေသနဲ့ ထိုင်းနိုင်ငံ တောင်ပိုင်းကို ဖြတ်ကျော် ဝင်ရောက်နိုင်ဖွယ်ရှိတယ်လို့ မိုး/ဇလဌာနက ဒီနေ့မနက်မှာ ထုတ်ပြန်ပါတယ်။ အခုလို ဖြတ်ကျော်ရာမှာ ထိုင်းပင်လယ်ကွေ့ကတဆင့် အောက်တိုဘာလ ၉ ရက်မှာ ကပ္ပလီပင်လယ်ပြင်ကို ရောက်နိုင်တယ်လို့ ဆိုပါတယ်။ လေဖိအားနည်းရပ်ဝန်းကြောင့် အောက်တိုဘာ ၈ ရက်ကနေ ၁၃ ရက်အတွင်း ပဲခူး၊ ရန်ကုန်၊ ဧရာဝတီနဲ့ တနင်္သာရီတိုင်း၊ ကရင်နဲ့မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာကာ ဒေသအလိုက် မိုးကြီးတာနဲ့ နေရာကွက်ပြီး မိုးကြီးတာတွေ ဖြစ်ပေါ်နိုင်တဲ့အပြင် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ တခါတရံ မိုးသက်လေပြင်း ကျရောက်ကာ လှိုင်းကြီးနိုင်တယ်လို သိရပါတယ်။ အခုလို မိုးသည်းထန်စွာ ထစ်ချုန်း ရွာသွန်းတာနဲ့အတူ လေပြင်းတိုက်တာ၊ လျှပ်တပြက်ရေကြီးတာ၊ မြေပြိုတာတွေ ဖြစ်ပေါ်နိုင်တာကြောင့် ကုန်းမြင့်ဒေသတွေမှာ နေထိုင်သူတွေအနေနဲ့ မြေပြိုတဲ့ အန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်တွေနားမှာ နေထိုင်ကြသူတွေအနေနဲ့ ရေကြီး၊ ရေလျှံတာတွေ ရှိလာနိုင်တာကြောင့် သတိပြုနေထိုင်ဖို့ မိုး/ဇလက အသိပေးထားပါတယ်။
2 years Ago
More News
Up