မိုးသည်းရေလျှံ

May 6, 2018

တူရကီတွင် မိုးသည်းရေလျှံမှုကြောင့် ကားများ ရေထဲမျောပါ (ရုပ်သံ)

တူရကီနိုင်ငံ၊ မြို့တော် အန်ကာရာက မာမက်ခရိုင်မှာ မေလ ၅ ရက်နေ့တုန်းက မိုးသည်းပြီး ရုတ်တရက် ရေကြီး ရေလျှံခဲ့တာကြောင့် ကားတွေ ရေထဲ မျောပါသွားခဲ့ပြီး လူ ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ နိုင်ငံပိုင် အန်နာဒိုလူ သတင်းဌာနက သတင်းဖော်ပြပါတယ်။ ရေကြီးနေတဲ့ လမ်းပေါ်မှာရောက်နေတဲ့ ကားထဲက ယာဉ်မောင်းတွေဟာ ရေစီးနဲ့အတူ မျောမသွားအောင် ကားထဲက ထွက်နေတာနဲ့ ကားတော်တော်များများ ရေစီးကြောင်းနဲ့ မျောသွားတာကို တူရကီ ပုဂ္ဂလိက သတင်းဌာန အီလာ့စ် က ရုပ်သံရိုက်ကူးနိုင်ခဲ့ပါတယ်။ မြို့တော်စည်ပင်သာယာဝန်ထမ်းတွေဟာ ရေကြီးနေတဲ့ နေရာကိုသွားပြီး ခရီးမဆက်နိုင်ဖြစ်နေတဲ့ ကားတွေကို ရေစီးကြောင်းထဲက ဆွဲထုတ်ခဲ့တယ်လို့ အီလာ့စ် သတင်း မှာဖော်ပြပါတယ်။ ရုတ်တရက်ရေကြီးမှုကြောင့် ယာဉ်တော်တော်များများ ပျက်စီးခဲ့ပြီး ဈေးဆိုင် အများအပြားလည်း ရေလျှံခဲ့ ပါတယ်။
4 years Ago
Up