မိုးသည်းထန် လေပြင်းတိုက်သဖြင့် လူ ၁ ဦးသေ၊ ၂၀ ကျော် ဒဏ်ရာရ

A d v e r t i s e m e n t With Us

April 21, 2017

မိုးသည်းထန် လေပြင်းတိုက်ခတ်နိုင်ဟု ဒေါက်တာထွန်းလွင် သတိပေး

ချင်းပြည်နယ်ကို အနောက်ဘက်မှ လေပွေလှိုင်းတစ်ခု စတင်ဖြတ်သန်းနေတဲ့အတွက် မိုးသည်းထန်ပြီး လေပြင်းတိုက်နိုင်တယ်လို့ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ဒီကနေ့ မနက်က သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ လေပွေလှိုင်းဟာ  စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တွေအထိ ဆက်လက်ရွေ့သွားနိုင်တယ်လို့လည်း ဒေါက်တာထွန်းလွင်က ခန့်မှန်းထားပါတယ်။ မိုးဇလဌာနကတော့ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့မှာ တိမ်ထူထပ်နေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေတယ်၊ မြန်မာနိုင်ငံပေါ်မှာကတော့ မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဒေသတွေ  တိမ်အနည်းငယ် ဖြစ်ထွန်းနေတယ်လို့  ဒီမနက် ထုတ်ပြန်ထားပါတယ်။ ဒီကနေ့မနက် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ မိုးထစ်ချုန်းရွာခဲ့တယ်လို့လည်း ဆိုပါတယ်။
4 years Ago

April 23, 2016

မိုးသည်းထန် လေပြင်းတိုက်သဖြင့် လူ ၁ ဦးသေ၊ ၂၀ ကျော် ဒဏ်ရာရ

စစ်ကိုင်း၊ ရေဦး၊ ခင်ဦး၊ တံတားဦး၊ သပိတ်ကျင်း၊ မဘိမ်း၊ မြိုင်၊ တီးတိန် စတဲ့မြို့တွေမှာ မနေ့ညနေပိုင်းက မိုးသည်းထန်စွာရွာပြီး မိုးသီးကြွေတာကြောင့် လူ ၁ ဦး သေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရခဲ့ပါတယ်။ အဆောက်အဦပြိုကျ ပျက်စီးမှုတွလည်း ရှိခဲ့တယ်လို့ သက်ဆိုင်ရာ ပြန်ဆက်ရုံးတွေက သတင်းထုတ်ပါတယ်။ စစ်ကိုင်းမြို့၊ မီးရထားရပ်ကွက်မှာ လေပြင်းတိုက်လို့ ၀န်ထမ်းအိမ်ရာပြိုကျတာ ပိမိပြီး လူ ၁ ဦးသေဆုံးခဲ့တယ်။ မိုးသီးတွေ ၁၅ မိနစ်လောက် ကြွေကျတာ ပတ်ဝန်းကျင်တခုလုံး ဖွေးသွားတယ်လို့ ရဲနဲ့ ဒေသခံတွေကို ကိုးကားပြီး ပြန်ကြားရေးသတင်းမှာ ဖော်ပြပါတယ်။ ရေဦးမြို့မှာတော့ လေပြင်းတိုက်ပြီး လောက်စာလုံးခန့်ရှိတဲ့ မိုးသီးတွေ ကြွေကျလို့ အဆောက်အဦတချို့ ပြိုကျပြီး လူ ၁ ဦး ထခိုက်ဒဏ်ရာရရှိကာ သစ်ပင်တွေလဲကျမှုကြောင့် မုံရွာ-ရေဦး ကားလမ်း ပိတ်ဆို့ခဲ့ပါတယ်။ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့မှာတော့ လေပြင်းထန်ပြီး မိုးသီးကြွေကျတာကြောင့် ကလေး ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိပြီး ၆ ဦး ဆေးရုံတင်ကုသထားရပါတယ်။ အလားတူ သပိတ်ကျင်း၊ မဘိမ်း၊ မြိုင်နဲ့ တီးတိန်မြို့တို့မှာလည်း လေပြင်းတိုက်ပြီး မိုးသီကြွေ မိုးသီးထန်စွာ ရွာသွန်းခဲ့တာကြောင့် အဆောက်အဦတချို့ ပြိုကျ ပျက်စီးခဲ့ပါတယ်။ မိုးလေ၀သပညာရှင် ဦးထွန်းလွင်က ဧပြီ ၂၁ နဲ့ ၂၄ ရက်အကြား ပြည်နယ်တိုင်းအားလုံးလောက်နီးနီးမှာ မိုးတိမ်တောင်ကြောင့် မိုးသည်းထန်မယ်၊ လေပြင်းတိုက်မယ်၊ မိုးကြိုးပစ်မယ်လို့ သတိပေးထားပါတယ်။
5 years Ago
Up