မိုးသက်လေပြင်းတိုက်ခတ်

May 24, 2021

ဗဟန်းတွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲကျ၊ ကားတစ်စီး ပျက်စီး

ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက်၊ ငမောက်လမ်းသွယ်ဘေးမှာ မေ ၂၄ရက် မနက်ပိုင်းက မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲကျပြီး ရပ်ထားတဲ့ ကားတစ်စီး ပျက်စီးခဲ့ပါတယ်။

စမ်းချောင်းမြို့နယ် မီးသတ်စခန်းက ရှင်းလင်းရေးလုပ်ငန်းတွေ သွားရောက်ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

7 months Ago

May 18, 2021

မန္တလေးတွင် မိုးသက်လေပြင်းတိုက်ခတ် သစ်ပင်များ လဲကျ

မန္တလေးမြို့ နေရာတချို့မှာ မေလ ၁၈ ရက် ဒီနေ့ ညနေပိုင်း  မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်တွေ လဲကျခဲ့ပါတယ်။

အမရပူရမြို့နယ် မဟာဂန္ဓာရုံကျောင်းဝင်းအတွင်းနဲ့ အောင်မြေသာစံမြို့နယ် မန္တလေးတောင်ခြေအဆင်းလမ်း စတဲ့ နေရာတွေမှာ သစ်ပင်တွေ လဲကျခဲ့တာပါ။

သစ်ကိုင်းကျိုးကျတဲ့ အပင်တွေရှိသလို တချို့  သစ်ပင်တွေကတော့ အမြစ်ကနေ လဲကျခဲ့ပါတယ်။

Photo - အရှင်ကဝိနန္ဒ

7 months Ago
Up