မိုးလုံလေလုံ

February 28, 2020

အပန်းဖြေဥယျာဉ် Dream Island ကို ရုရှားသမ္မတ သွားရောက်ကြည့်ရှု

ဥရောပတိုက်မှာ အကြီးဆုံး မိုးလုံလေလုံ အပန်းဖြေ ဥယျာဉ်ဖြစ်လာမယ်လို့ ရုရှားအစိုးရ ပြောထားတဲ့  Dream Island အပန်းဖြေဥယျဉ်ကို ဖေဖော်ဝါရီ ၂၇ ရက်က သမ္မတ ဗလာဒီမာပူတင် သွားရောက်ကြည့်ရှုခဲ့ပါတယ်။  ရုရှားဘာသာစကားနဲ့ အော့စတော့ဗ် မစ်ချ်တေလို့ ခေါ်ဆိုတဲ့  အပန်းဖြေဥယျာဉ်ကို မော်စကိုမြို့တောင်ဘက် စက်မှုဇုန်အရပ်က မြေဟက်တာ ၃၀ ကျော်မှာ တည်ဆောက်ထားပါတယ်။  အပန်းဖြေဥယျာဉ်ကို ရဲတိုက်သဏ္ဍန် တည်ဆောက်ထားပြိး ဥယျာဉ်ထဲမှာတော့ ကစားစရာယျာဉ်တွေ၊ စိတ်ဝင်စားဖွယ်နေရာတွေနဲ့ စားသောက်ဆိုင်တွေ ပါဝင်ပါတယ်။  သမ္မတ ပူတင်နဲ့အတူ မော်စကို မြို့တော်ဝန်ပါ လိုက်ပါခဲ့ပြီး  ပူတင်ဟာ ဥယျာဉ်အတွင်းက အဆောက်အအုံ ပုံစံငယ်ကို ကြည်ရှုစစ်ဆေးခဲ့ပါတယ်။  ရုရှားဟာ အများယူဆထားသလို အင်အားကြီးနိုင်ငံ ဖြစ်ဆဲဆိုတာကို ပြသတဲ့အနေနဲ့ မကြာသေးခင်နှစ်တွေကစလို့  အနောက်နိုင်ငံတွေထက် ပိုမိုကြိးမားကောင်းမွန်တဲ့ အဆောက် အအုံတွေကို ကြိုးပမ်းတည်ဆောက်နေပါတယ်။  ဒါ့အပြင် ကြီးမားတဲ့ တည်ဆောက်ရေးနဲ့ အခြေခံအဆောက်အအုံ တည်ဆောက်ရေး ပရောဂျက်တွေအတွက် ရုရှားဟာ ကျေနပ်ဂုဏ်ယူနေသလို အဲဒီထဲမှာ အခုတည်ဆောက်ထားတဲ့ Dream Island အပန်းဖြေဥယျာဉ်လည်း ပါဝင်တယ်လို့ ရိုက်တာက ဆိုပါတယ်။
1 year Ago
Up