မိုးရာသီရောက်ရှိ

May 20, 2020

မြန်မာနိုင်ငံတွင် မိုးရာသီရောက်ရှိကြောင်း မိုးဇလ ထုတ်ပြန်

မြန်မာနိုင်ငံမှာ မိုးရာသီရောက်ပြီလို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဒီကနေ့ မွန်းလွဲ ၂ နာရီအချိန်က ထုတ်ပြန်ပါတယ်။ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းကပဲ အနောက်တောင်မုတ်သုံလေဟာ မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေ၊ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းကို ဝင်ရောက်ခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
11 months Ago
Up