မိုးများရေတိုး

September 20, 2021

မိုးမိတ်မြို့က နမ့်မိတ်ချောင်းကြိုးတံတား မိုးများရေတိုးသဖြင့် မျောပါပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်က မြစ်ဆုံကျေးရွာနဲ့ နန်းပန်းဘက်ကို ဆက်သွယ် ထားတဲ့ နန့်မိတ်ကြိုးတံတားက စက်တင်ဘာ ၂၀ ရက်နေ့ မနက်က မိုးများရေတိုးတာ​ကြောင့် ရေနဲ့ မျောပါ ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

"တံတားက မြစ်ဆုံကျေးရွာက တံတား၊ ကျေးရွာနဲ့ဟိုဘက်က ရွှေတောတို့ အခင်းတို့ ​ဘက်ကို ဆက်သွယ်ထားတဲ့တံတား၊ မြောက်ဘက်မှာက ရွှေလီမြစ်၊ တောင်ဘက်မှာက နမ့်မိတ်​ချောင်းနဲ့ နမောင်းချောင်း၊ ရွှေလီမြစ်နဲ့ ချောင်းနှစ်ချောင်း ဆုံတဲ့ ချောင်းဝက တံတား၊ ဒီနေ့ပဲရေထဲပါသွားတယ်။"

မြောက်ဘက်ရွှေလီမြစ်က စီးလာတဲ့ရေနဲ့ တောင်ဘက် နမိတ်နှမောင်းချောင်းနှစ်ချောင်း တို့ စီးလာတဲ့ရေတွေဆုံတဲ့ နေရာက ကြိုးတံတား ရေထဲမျောပါသွားတာလို့ ဆိုပါတယ်။

​ကြိုးတံတားက အရှည် ၇၅၀ ပေ၊ အကျယ် ၉ ပေ၊ အမြင့်  ၁၂ပေ ရှိတဲ့ တံတားဖြစ်ပြီး မိုးမိတ်မြို့နဲ့ ၁၈ မိုင်ဝေးတယ်လို့ သိရပါတယ်။

မိုးမိတ်မြို့မှာ စက်တင်ဘာ ၁၈ ရက်နေ့ကစပြီး ၂ ရက်ဆက်တိုက် မိုးရွာသွန်းတာ​ကြောင့် ရေတိုးပြီး တံတားပျက်စီးသွားကာ မြို့ထဲကရွာတွေမှာ ရေဝင်မှုတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

2 years Ago
Up