မိုးမိတ်မြို့

October 25, 2021

မိုးမိတ်မြို့က CDM ကျောင်းဆရာ အပါအဝင် ၈ ဦး အဖမ်းခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့မှာ အောက်တိုဘာ ၂၄ ရက်နေ့ ည ၇ နာရီခွဲလောက်က ရွှေကူဘုန်းကြီးကျောင်းထဲ နေထိုင်တဲ့ CDM ကျောင်းဆရာ ဦးကျော်စွာနဲ့ ဦးပဇင်းတပါးအပါအဝင် စုစုပေါင်း ၈ ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

"ညက သူတို့နေတဲ့နေရာကို အင်အားအပြည့်နဲ့ လာပြီး သေချာပြင်ဆင်ပြီး ဖမ်းသွားတာ၊ ဒလန်သတင်းပေးတာဖြစ်နိုင်တယ်။ သူတို့နေရာကိုပဲ မီးဖြတ်ပြီး သေချာစီစဉ်ပြီးဖမ်းသွားတယ်" လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဆရာဦးကျော်စွာဟာ မိုးမိတ်မြို့က CDM ပြုလုပ်ထားတဲ့ ကျောင်းဆရာတစ်ဦးဖြစ်ပြီး  အရင်ကတည်းက CDM ငွေကောက်တာရယ်၊ သူကိုယ်တိုင်ကလည်း CDM လုပ်တာကြောင့် ဖမ်းခံလိုက်ရတာထင်တယ်လို့ ဆိုပါတယ်။ 

ရွှေကူဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်တွေက ဝိုင်းပြီးမီးဖြတ်ကာ ဖမ်းတာကြောင့် ရှောင်ချိန်မရ၊ ပြေးပေါက်မရှိဘဲ ဖမ်းခံလိုက်ရတာလို့ သိရပါတယ်။

1 month Ago

September 20, 2021

မိုးမိတ်မြို့က နမ့်မိတ်ချောင်းကြိုးတံတား မိုးများရေတိုးသဖြင့် မျောပါပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်က မြစ်ဆုံကျေးရွာနဲ့ နန်းပန်းဘက်ကို ဆက်သွယ် ထားတဲ့ နန့်မိတ်ကြိုးတံတားက စက်တင်ဘာ ၂၀ ရက်နေ့ မနက်က မိုးများရေတိုးတာ​ကြောင့် ရေနဲ့ မျောပါ ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

"တံတားက မြစ်ဆုံကျေးရွာက တံတား၊ ကျေးရွာနဲ့ဟိုဘက်က ရွှေတောတို့ အခင်းတို့ ​ဘက်ကို ဆက်သွယ်ထားတဲ့တံတား၊ မြောက်ဘက်မှာက ရွှေလီမြစ်၊ တောင်ဘက်မှာက နမ့်မိတ်​ချောင်းနဲ့ နမောင်းချောင်း၊ ရွှေလီမြစ်နဲ့ ချောင်းနှစ်ချောင်း ဆုံတဲ့ ချောင်းဝက တံတား၊ ဒီနေ့ပဲရေထဲပါသွားတယ်။"

မြောက်ဘက်ရွှေလီမြစ်က စီးလာတဲ့ရေနဲ့ တောင်ဘက် နမိတ်နှမောင်းချောင်းနှစ်ချောင်း တို့ စီးလာတဲ့ရေတွေဆုံတဲ့ နေရာက ကြိုးတံတား ရေထဲမျောပါသွားတာလို့ ဆိုပါတယ်။

​ကြိုးတံတားက အရှည် ၇၅၀ ပေ၊ အကျယ် ၉ ပေ၊ အမြင့်  ၁၂ပေ ရှိတဲ့ တံတားဖြစ်ပြီး မိုးမိတ်မြို့နဲ့ ၁၈ မိုင်ဝေးတယ်လို့ သိရပါတယ်။

မိုးမိတ်မြို့မှာ စက်တင်ဘာ ၁၈ ရက်နေ့ကစပြီး ၂ ရက်ဆက်တိုက် မိုးရွာသွန်းတာ​ကြောင့် ရေတိုးပြီး တံတားပျက်စီးသွားကာ မြို့ထဲကရွာတွေမှာ ရေဝင်မှုတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

2 months Ago
Up