ဇန်နဝါရီ ၆ ရက်က လတ်စ်ဗေးဂတ်စ်မြို့မှာ ကျင်းပတဲ့ အီလက်ထရွန်းနစ်ရှိုးမှာ တောင်ကိုရီးယား ဟွန်ဒိုင်း မော်တော်ကားကုမ္ပဏီက အူဘာတက္ကစီကုမ္ပဏီနဲ့ ပူးပေါင်းပြီး မိုးပျံကားကို ပွဲထုတ်ခဲ့ပါတယ်။
ဟွန်ဒိုင်းကုမ္ပဏီထုတ် မိုးပျံကားတွေကို မိုင် ၆၀ ခရီးစဉ်တွေအထိ သွားလာနိုင်အောင် ဒီဇိုင်းထုတ်ထားပြိး အမြန်နှုန်း ၁ နာရီကို မိုင် ၁၈၀ အထိ မောင်းနှင်နိုင်ပါတယ်။
ဟွန်ဒိုင်းရဲ့ မြို့ပြလေကြောင်းသွားလာရေး အကြီးအကဲက ဟွန်ဒိုင်းဟာ မြို့တွေရဲ့ ကောင်းကင်ယံမှာ ဖြစ်ထွန်းလာမယ့် ခေတ်သစ်တခုရဲ့ အရုဏ်ဦးကို စောင့်မျှော်နေတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ဟွန်ဒိုင်းဟာ မြို့ပြယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းပေးမယ့် မိုးပျံကား ဈေးကွက်ထဲ ဝင်ရောက်လာတာ ဖြစ်ပါတယ်။
ဟွန်ဒိုင်းနဲ့ အူဘာတို့ရဲ့ အစုစပ်လုပ်ငန်းအရ ဟွန်ဒိုင်းက မိုးပျံကားတွေကို ထုတ်လုပ်ပေးပြီး အူဘာက လေကြောင်းထောက်ပံ့ရေး ဝန်ဆောင်မှုတွေ ပေးသွားမယ်လို့ ကုမ္ပဏီတွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။
၂၀၂၀ အတွင်း အူဘာကုမ္ပဏီဟာ မြို့ပြလေကြောင်းဝန်ဆောင်မှု သရုပ်ပြတာတွေ လုပ်မယ်လို့ ကတိပြုထားပြီး ပရောဂျက်တစိတ်တပိုင်းအဖြစ် ၂၀၂၃ မှာ စီးပွားဖြစ်လုပ်ငန်းတွေ စတင်သွားမယ်လို့ ပြောထားပါတယ်။
1 year Ago