မိုးညှင်းမြို့နယ်အတွင်းရှိ

January 1, 2018

မိုးညှင်းမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် စခန်းများကို ထောက်ပံ့ပစ္စည်းများ ပေးအပ်

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်းရှိ ကချင်တိုင်းရင်းသားနဲ့ ရှမ်းတိုင်းရင်းသားစစ်ရှောင် စခန်းတွေကို ဒီဇင်ဘာ ၃၀ ရက်နေ့က မြန်မာနိုင်ငံကြက်ခြေနီအသင်းက ထောက်ပံ့ပစ္စည်းတွေကို ၂၀၁၇ ခုနှစ်အတွက် အပြီးသတ်ပေးအပ်ခဲ့ကြတယ်လို့ သိရပါတယ်။ အင်းတော်ကြီးနန့်မွန်းကျေးရွာမှာ ၆ နှစ်ကြာနေထိုင်ကြရတဲ့ ကချင်စစ်ရှောင်စခန်း၊ မိုးညှင်းမြို့ အုတ်ကျင်းရပ်ကွက်နန့်ရင်းချောင်းဘေး ရှမ်းမြောက်ပိုင်းစစ်ရှောင်စခန်း၊ မိုးညှင်းမြို့ အောင်သပြေရပ် စိန့်ပက်ထရစ် စစ်ရှောင်စခန်း တို့ကို နှစ်ထပ်စောင်တွေ သွားရောက်ပေးအပ်ခဲ့ကြပါတယ်။ အလားတူ နိုဝင်ဘာ ၂၈ ရက်နေ့ကလည်း မြန်မာနိုင်ငံကြက်ခြေနီအသင်း ကချင်အထူးစီမံချက်ရုံး အသက်မွေးဝမ်းကျောင်းအတွက် စစ်ရှောင်မိသားစုတွေကို တအိမ်ထောင် ကျပ်နှစ်သိန်းငါးသောင်း ပေးအပ်ထောက်ပံပေးခဲ့တယ်လို့ သိရပါတယ်။ မုန်းမုန်းမင်း
3 years Ago
Up