မိုးညှင်းမြို့တွင်

A d v e r t i s e m e n t With Us

March 19, 2018

မိုးညှင်းမြို့တွင် ဖူဆယ်ဘောလုံးကွင်းသစ်ဖွင့်ပွဲ ကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ ရွာသစ်ကုန်းကျေးရွာအုပ်စု၊ ညောင်ကန်သာကျေးရွာမှာ မတ် ၁၈ ရက်မနက်က ချန်ပီယံ ဖူဆယ်ဘောလုံးကွင်းသစ် (CHAMPION FUTSAL STADIUN) ဖွင့်ပွဲ ကျင်းပခဲ့ပါတယ်။ ချန်ပီယံအဆင့်မြင့် ဖူဆယ်အားကစားကွင်းသစ်ဖွင့်ပွဲကို မြန်မာ့လက်ရွေးစင် အားကစားသမားဟောင်း ဦးမျိုးလှိုင်ဝင်း၊ ဦးစိုးမြတ်မင်းနဲ့ ဖူဆယ်ကွင်း မန်နေဂျာ ဦးသီဟတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့တာပါ။ ဖူဆယ်ကွင်းဖွင့်ရတဲ့ ရည်ရွယ်ချက်ကတော့ မိုးညှင်းဒေသမှာ ဖူဆယ်ဘောလုံးအားကစားနည်း တိုးတက်လာစေဖို့နဲ့ ဒေသခံ ဖူဆယ်အားကစားသမားတွေ အခွင့်အလမ်းများ ပိုမိုရရှိနိုင်စေဖို့အတွက် ဖွင့်လှစ်တာလို့ ချန်ပီယံအဆင့်မြင့် ဖူဆယ်ကွင်း တည်ထောင်သူက ပြောပါတယ်။ ဒါ့အပြင် ဖူဆယ်အားကစားပြိုင်ပွဲကိုလည်း မတ် ၁၄ ရက်မှ ၁၈ ရက်နေ့ထိ ကျင်းပခဲ့ရာ ပြိုင်ပွဲဝင်အသင်း ၁၇ သင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ ဗိုလ်လုပွဲမှာ Dragon Fire အသင်းနဲ့ ကချာလာ အသင်းတို့ ယှဉ်ပြိုင်ရာ Dragon Fire အသင်းက ၈ ဂိုး ၂ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရ ဗိုလ်စွဲခဲ့ပါတယ်။ အကောင်းဆုံးကစားသမားဆုရရှိတဲ့ Dragon Fire မှ စည်သူဇော်ဇော်နဲ့ ကချလာ အသင်းမှ ရဲနိုင်ဦးတို့ကို မြန်မာ့လက်ရွေးစင် ဘောလုံးကစားသမားဟောင်း ဦးမျိုးလှိုင်ဝင်းနဲ့ ဦးစိုးမြတ်မင်းတို့က ချီးမြှင့်ခဲ့ကြပါတယ်။ ကွင်းသစ်ဖွင့်ပွဲကို မိုးညှင်းခရိုင်အား/ကာမှ တာဝန်ရှိသူတွေနဲ့ ဘောလုံးဝါသနာရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။
3 years Ago

July 22, 2017

မိုးညှင်းမြို့တွင် လက်သမားဆရာတဦး ဓာတ်လိုက်သေဆုံး

ကချင်ပြည်နယ် မိုးညှင်းမြို့၊ စိမ်းရတနာတောင် ရပ်ကွက်မှာ ဇွန် ၂၁ ရက် ညနေပိုင်းက အမျိုးသားတဦး ဓာတ်လိုက်သေဆုံးခဲ့တယ်လို့ ရဲက ပြောပါတယ်။ သတင်းအရ တာဝန်မှူး ဒုရဲအုပ်တင်ဝင်းနဲ့ နားခါအုပ်ချုပ် ရေးမှူး ဦးမြင့်အေးတို့ တို့ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ လက်သမားဆရာ ဦးသန်းဆွေ ၅၂ နှစ်ဖြစ်ပြီး နေအိမ် ရေကန်ရေဖြည့်ဖို့အတွက် ပျက်နေတဲ့ ရေမော်တာပြုပြင်စဉ် မော်တာနဲ့ ဆက်သွယ်ထားတဲ့ နှစ်ပင်လိမ်ဝါယာကြိုးကို ပြုပြင်ရာမှ ဓာတ်လိုက်သေဆုံးခဲ့ကြောင်း သေဆုံးသူရဲ့ဇနီးက ပြောတယ်လို့ ဆိုပါတယ်။ သေဆုံးသူရဲ့ ယာလက်မနဲ့ လက်ခလယ်တို့မှာ ဓာတ်လိုက်ထားတဲ့ အရေပြားပွန်းပဲ့ ဒဏ်ရာနဲ့ သေဆုံးနေတာကို တွေ့ရှိရလို့ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ် မဟုတ် စစ်ဆေးဆောင်ရွက်နိုင်ဖို့ တရားလိုရဲအုပ်ညွန့်လှိုင်က မိုးညှင်းရဲစခန်းမှာ သေမှုသေခင်းအမှတ် ၁၈/၁၇ နဲ့ အရေးယူဆောင်ရွက်နေကြောင်း သိရပါတယ်။ မိုးညှင်းမြို့နယ်မှာ မကြာခဏ ဓာတ်လိုက်သေဆုံးမှုတွေ ရှိနေတာကြောင့် လျှပ်စစ် အန္တရာယ်ကင်းရေး အသိပညာပေးစီမံချက်နဲ့ လျှပ်စစ်အသုံးများတဲ့ ကျေးရွာ ရပ်ကွက်တွေမှာ လျှပ်စစ်ဝန်ထမ်းတွေကို အလှည့်ကျ ဆွေးနွေးပညာပေးဖို့ အမြန်ဆုံးလုပ်ဆောင်သွားမယ်လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးမှူး ဦးရဲအောင်က ပြောပါတယ်။ ပေးပို့ မုန်းမုန်းမင်း
4 years Ago
More News
Up