မိုးညှင်းအန်အယ်လ်ဒီရုံးတွင်

July 19, 2017

မိုးညှင်းအန်အယ်လ်ဒီရုံးတွင် အာဇာနည်ခေါင်းဆောင်များကို ရေစက်ချအမျှပေးဝေ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ဒီနေ့ မနက် ၆ နာရီက  နှစ် ၇၀ ပြည့် အာဇာနည်နေ့အထိမ်းအမှတ် သံဃာ ၉ ပါးတို့ကို သင်္ကန်း၊ ထီး၊ ဖိနပ်အစုံတို့နဲ့ ဆွမ်းကပ်လှူဒါန်းကာ အာဇာနည်ပုဂ္ဂိုလ်တွေကို ရေစက်ချအမျှပေးဝေခဲ့ပါတယ်။ နှစ် ၇၀ ပြည့် အာဇာနည်နေ့ အခမ်းအနားကို မိုးညှင်းမြို့တော်ခန်းမမှာ လွမ်းသူ့ပန်းခွေချပြီး မနက် ၁၀ နာရီ ၃၇ မိနစ် ဥသြဆွဲချိန်မှာ ကျဆုံးသွားတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ၂ မိနစ်ငြိမ်သက် အလေးပြုခဲ့ကြပါတယ်။ သတင်း - မုန်းမုန်းမင်း
6 years Ago
Up