မိုးညှင်း‌ဆေးရုံ

A d v e r t i s e m e n t With Us

March 16, 2020

မိုးညှင်း‌ဆေးရုံတွင် ကိုရိုနာဗိုင်းရပ်စ်သံသယလူနာများအတွက် သီးသန့်ဆောင် ပြင်ဆင်ထား

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ဆေးရုံကြီးမှာ COVID-19 ဗိုင်းရပ်စ်သံသယလူနာ ရှိလာပါက သီးသန့်စမ်းသပ်ကုသပေးနိုင်မယ့် သီးသန့်ဆောင်တခုကို ပြင်ဆင်ထားရှိထားတယ်လို့ ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်ကျော်က ပြောပါတယ်။ "လွန်ခဲ့တဲ့ ၁၄ ရက်အတွင်း တရုတ်ပြည်ကပြန်လာတဲ့ လူနာမှန်သမျှ ဒီသီးသန့်ဆောင်ကိုပဲ လာရောက်စမ်းသပ်ကုသခံယူဖို့ လမ်းညွှန်ဆိုင်းဘုတ်တွေ ကပ်ထားတယ်။ လာသမျှထဲကတွေ့ရင် အတွင်းလူနာအဖြစ် ၁၄ ရက်စောင့်လိုအပ်တာမှန်သမျှ ကုသမှုပေးမယ်။ ဟာကွက်မရှိအောင် ၁၅ ရက်တကြိမ် ၆ လစာဂျူတီဆွဲထားတယ်။ တကယ်ဖြစ်လာတဲ့အခါမှာ ရှောင်ပြေးလို့မရအောင်ပေါ့။ သမားတော်တွေနဲ့တိုင်ပင်ပြီး ပြင်းထန်အဆုပ်ရောင်အဆင့်ဆို မြစ်ကြီးနားပြည်နယ်ဆေးရုံကြီးကိုလွှဲဖို့ လူနာနဲ့ ယာဉ်မောင်းသီးသန့်ကားလည်း စီစဉ်ထားပါတယ်။ ခုလောလောဆယ် ရောဂါထောက်လှမ်းရေးနဲ့ တုံ့ပြန်ဆောင်ရွက်ရေး ရပ်ကျေးတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်။” တရုတ်နိုင်ငံကနေ ပြန်ရောက်လာသူမှန်သမျှ ရပ်ကွက်အုပ်ချုပ်ရေးမှူးက စာရင်းကောက်ပြီး ၁၄ ရက် စောင့်ကြည့်တာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။ ကချင်ပြည်နယ်အတွင်း တရုတ်ပြည်နဲ့ ကုန်သွယ်ရေးနယ်စပ် ကန်ပိုက်တီးဂိတ်ပေါက်မှာ အခုရက်ပိုင်း အဝင်အထွက်ပြုလုပ်သူ တရုတ်-မြန်မာ တရက်ကို ပျမ်းမျှ ၃၀၀ ကျော်ရှိနေတယ်လို့ သိရပါတယ်။ သတင်း - မုန်းမုန်းမင်း
12 months Ago
Up