မိုးညှင်းမြို့တွင် နှာခေါင်းစည်းများဝယ်မရဘဲ ပြတ်လပ်နေ

May 3, 2020

စပိန်တွင် အများပြည်သူ ယာဉ်များပေါ်၌ နှာခေါင်းစည်း မတပ်မနေရစနစ် ကျင့်သုံးမည်

စပိန်နိုင်ငံရဲ့ အများပြည်သူယာဉ်တွေပေါ်မှာ နှာခေါင်းစည်း မတပ်မနေရစနစ် ကျင့်သုံးမယ်လို့ ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်က မေ ၂ ရက်မှာ ပြောပါတယ်။  ဒါ့အပြင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူမှုရေးနဲ့ စီးပွားရေးထိခိုက်မှုတွေကို ဖြေရှင်းနေတဲ့  ဒေသအာဏာပိုင်တွေကို ကူညီဖို့ အစိုးရက ပြန်လည်တည်ဆောက်ရေး ရန်ပုံငွေ ယူရို ၁၆ ဘီလီယံကို ခွင့်ပြုပေးမယ်လို့ ကြေညာခဲ့ပါတယ်။ သီတင်း ၇ ပတ်ကြာ လော့ဒေါင်းကာလ ပြီးဆုံးပြီးနောက် မေ ၂ ရက်က စပိန်နိုင်ငံသားတွေကို ပထမဆုံးအကြိမ် အိမ်ပြင်ထွက်ခွင့်ပြုခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် အဆိုးဆုံးခံစားရတဲ့ စပိန်မှာ မတ်လက တင်းကျပ်တဲ့ လော့ဒေါင်း အစီအမံကို ချမှတ်ခဲ့ပြီး မဖြစ်မနေ ခရီးတွေကလွဲလို့ လူအတော်များများကို အိမ်ထဲမှာပဲ နေစေခဲ့ပါတယ်။ အဲဒီထဲမှာ အားကစားလုပ်တာနဲ့ အပန်းဖြေ လမ်းလျှောက်တာတွေကိုပါ တားမြစ်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။
11 months Ago

January 30, 2020

မိုးညှင်းမြို့တွင် နှာခေါင်းစည်းများဝယ်မရဘဲ ပြတ်လပ်နေ 

ကချင်ပြည်နယ်၊ မိုးညှင်းမြို့မှာ ဝူဟန်ကိုရိုနာဗိုင်းရပ်စ် အဆုပ်ရောင်ကူးစက်ရောဂါကို ဒေသခံတွေ စိုးရိမ်ကြောက်လန့်နေကြတဲ့အတွက် နှာခေါင်းစည်းတွေ ရောင်းအားကောင်းနေပြီး  ထက်ဝက်စျေးတက်ကာ ပစ္စည်းပြတ်လပ်နေတယ်လို့ သိရပါတယ်။ ရောင်နီဆေးဆိုင်ပိုင်ရှင်က "ကုမ္ပဏီကတော့ နှာခေါင်းစည်းတွေ ပြတ်သွားတယ်ပြောတယ်။ နောက်ပိုင်း ဝယ်မရတော့ဘူး။ အပြင်မှာစျေးက မတရားစျေးနဲ့ဝယ်ရတော့ ပြန်မဝယ်တော့ဘူး။ အဓိက အရေးကြီးတာကတော့ ပြည်သူအချင်းချင်း ရတဲ့နေရာကနေ သက်သောင့်သက်သာ စျေးနှုန်းနဲ့ ဖြန့်ချိပေးဖို့ တောင်းဆိုချင်တယ်”လို့ ပြောပါတယ်။ ဒေသခံတဦးကတော့ ရပ်ကွက်တွေအတွင်း ကျန်းမာရေးအသိပညာပေးဆွေးနွေးပွဲတွေ သက်ဆိုင်ရာက လုပ်ပေးစေချင်တယ်လို့ ပြောပါတယ်။ မိုးညှင်းမြို့မှာ ဇန်နဝါရီနောက်ဆုံးပတ်ကစလို့ ခရီးသွားကြမယ့် ဒေသခံတချို့ လက်မှတ်အရှုံးခံကာ ခရီးစဉ်တွေကို ဖျက်သိမ်းနေကြတာလည်းရှိပါတယ်။ မိုးညှင်းရုံပိုင်ကြီးက "ဟုတ်တယ် ဇန်နဝါရီ ၂၆ ရက်နေ့က လေအိတ်ရထားနဲ့ မန္တလေးသွားမယ့်အဖွဲ့ လက်မှတ်အစောင် ၇၀ ဖြတ်ထားပြီး မလိုက်ကြတော့ဘူး။ ကြောက်ကြတော့ အဆုံးခံသွားကြတယ်"လို့ ပြောပါတယ်။ ဘုရားဖူးကားလက်မှတ်တွေ စရန်ပေးထားကြပြီး အရှုံးခံမလိုက်တော့တာတွေရှိနေတယ်လို့ ရွှေတီချို ဘုရားဖူးအဖွဲ့က ပြောပါတယ်။ မိုးညှင်းမြို့ဟာ ကချင်ပြည်နယ် တရုတ်ပြည်ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ဂိတ်ပေါက် ရှိနေတာကြောင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့လာမှာကို မြို့ခံတွေက စိုးရိမ်ပူပန်နေကြတာလည်း ဖြစ်ပါတယ်။ သတင်း - မုန်းမုန်းမင်
1 year Ago
Up