မိုးညှင်းမြို့

May 18, 2021

မိုးညှင်းမြို့တွင် CDM ဆရာမ ၁ ဦးကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီး

ကချင်ပြည်နယ်၊ မိုးညှင်းမြို့က အာဏာဖီဆန် CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ကျောင်း ဆရာမတစ်ဦးကို စစ်ကောင်စီအကြမ်းဖက်အဖွဲ့က  မေလ ၁၇ ရက်နေ့ ညက ဖမ်းဆီးသွားပါတယ်။ 

ဖမ်းဆီးခံရတဲ့ဆရာမမှာဟာ ဒေါ်အေးမြသီတာဖြစ်ပြီး ဘာကြောင့်ဖမ်းဆီးတယ်၊ ဘယ်မှာ ဖမ်းဆီးထားတယ်ဆိုတာ  မသိရှိရသေးဘူးလို့  ဒေသခံတွေက ပြောပါတယ်။ 

မိုးညှင်းမြို့မှာ အာဏာသိမ်းစစ်ကောင်စီကို အကြမ်းမဖက် အာဏာဖီဆန်တဲ့  CDMလှုပ်ရှားမှုမှာ ပါဝင်တဲ့ ပညာရေးဝန်ထမ်း အယောက်  ၉၀၀ ကျော်ရှိပါတယ်။

 မြန်မာနိုင်ငံတဝန်းမှာ စာသင်ကျောင်းတွေကို ဇွန်လဆန်းမှာ ပြန်ဖွင့်ဖို့ စီစဉ်နေသလို   CDM ဆရာဆရာမတွေကိုလည်း ဖမ်းဆီးတာ၊ အမှုဖွင့်တာ၊ အလုပ်ရပ်နားတာ၊  အလုပ်ပြန်လုပ်ဖို့ ဖိအားပေးတာ ခြိမ်းခြောက်တာ စတဲ့ နည်းမျိုးစုံနဲ့ ပြုလုပ်နေပါတယ်။

4 weeks Ago

March 25, 2021

မိုးညှင်းမြို့တွင် ရဲတပ်ဖွဲ့က အကြမ်းဖက်ပစ်ခတ်သဖြင့် ပြည်သူ ၂ ဦးသေဆုံး

မိုးညှင်းမြို့မှာ ဒီနေ့ မတ်လ ၂၅ ရက်နေ့က ရဲတွေက အကြမ်းဖက် ပစ်ခတ်လို့ ပြည်သူ ၂ ယောက်သေဆုံးပြီး ၁ ယောက် ဒဏ်ရာရတယ်လို့ ကနဦးသိရပါတယ်။

ဆန္ဒပြပြည်သူတွေကို ရဲကဖမ်းသွားလို့ ပြန်လွှတ်ပေးဖို့ မြို့မိမြို့ဖတွေ၊ သံဃာတွေ ဦးဆောင်ပြီး ရဲစခန်းမှာ သွားရောက်တောင်းဆိုတာကို ရဲက သေနတ်နဲ့ ပစ်ခတ်ခဲ့တာပါ။

ပစ်ခံရပြီးနောက် ဒဏ်ရာရသူ ၃ ယောက်ထဲက ဝမ်းဗိုက်ထိမှန်သူတယောက် အရင် သေဆုံးခဲ့ပြီး နောက်ထပ် မိန်းကလေးတယောက်လည်း သေဆုံးတယ်လို့ သိရကြောင်း ဒေသခံက ပြောပါတယ်။

နောက်တယောက်ကတော့ လက်ကို ကျည်ဆန် ထိမှန်တာဖြစ်ပြီး နောက်ဆက်တွဲ အခြေအနေတွေကို ဆက်လက် စုံစမ်းနေဆဲဖြစ်ပါတယ်။

3 months Ago
More News
Up