မိုးညှင်းခရိုင်

A d v e r t i s e m e n t With Us

October 25, 2020

မိုးညှင်းခရိုင်တွင် ၂၀၁၅ ထက် မဲဆန္ဒရှင် ၁ သိန်းကျော် တိုးလာ

ကချင်ပြည်နယ် မိုးညှင်းခရိုင်အတွင်း ၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးနိုင်သူအရေအတွက်ဟာ  ၂၀၁၅ ထက် လူဦးရေ ၁ သိန်းကျော် တိုးလာတယ်လို့ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အရာရှိ ဦးမျိုးမင်းဦးက DVB ကို ပြောပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ မဲဆန္ဒရှင်အရေအတွက် ၃ သိန်းသာရှိပြီး ၂၀၂၀ ရွေးကောက်ပွဲမှာတော့ ၄ သိန်းကျော်လာတယ်လို့ ဆိုပါတယ်။  မိုးညှင်းမြို့နဲ့ ဖားကန့်မြို့တွေမှာ ရွှေ့ပြောင်းအခြေချလုပ်သားတွေ ပိုများလာတာကြောင့် မဲဆန္ဒရှင်အရေအတွက် များလာတာလို့ ပြောပါတယ်။ ဒါ့အပြင် မိုးညှင်းခရိုင်မှာ first time voter ၅ သောင်းကျော် ရှိပါတယ်။ ကွာရန်တင်း စင်တာတွေမှာ ကွာရန်တင်း ဝင်နေရသူတွေကတော့ နိုဝင်ဘာ ၁ ရက်နေ့မှာ ကြိုတင်မဲစပေးနိုင်ပြီလို့ သိရပါတယ်။  ကချင်ပြည်နယ်မှာ first time voter ၁ သိန်းကျော်ရှိပြီး မိုးညှင်းခရိုင်မှာ ၅ သောင်း ဗန်းမော်ခရိုင်မှာ ၂ သောင်း၊ မြစ်ကြီးနားခရိုင်မှာ ၃ သောင်း၊ ပူတာအိုခရိုင်မှာ ၅,၀၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။  မိုးညှင်းခရိုင်မှာ မဲရုံပေါင်း ၂၈၀ ရှိပြီး မဲရုံတာဝန်ကျ ဆရာ/ဆရာမ ၅,၀၀၀ ကျော်ကို သင်တန်းပေးနေတယ်လို့ ဆိုပါတယ်။  သတင်း - ကိုထက်
3 months Ago
Up