မိုးညိုသပိတ်

March 28, 2021

မိုးညိုသပိတ်ဖြိုခွင်းခံရပြီး ၁ ဦး ကျဆုံး

ပဲခူးတိုင်း၊ မိုးညိုမြို့မှာ မတ် ၂၇ ရက်​နေ့က  စစ်အာဏာရှင်ကျဆုံး​ရေး ဆန္ဒပြ ဆိုင်ကယ်သပိတ်စစ်ကြောင်း ပစ်ခတ်ဖြိုခွင်းခံရပြီး ၁ ဦးကျဆုံးခဲ့ပါတယ်။

သေဆုံးသူ ရဲထက်(ခေါ်)ကောင်းမြတ်သူ (၂၆) ဟာ ဆန္ဒပြပွဲမှာ ပါဝင်ခြင်းမရှိဘဲ နေအိမ်ဆိုင်ရှေ့မှာ ပစ်ခတ်ခံရပြီး ဆီးခုံကိုထိမှန်ကာ သေဆုံးခဲ့တာလို့ သိရပါတယ်။

ကိုကောင်းမြတ်သူဟာ သံလျင်နည်းပညာတက္ကသိုလ် စက်မှုအင်ဂျင်နီယာဌာန ကျောင်းသာဟောင်းတစ်ဦး  ဖြစ်တယ်လို့လည်း သိရပါတယ်။

9 months Ago
Up