မိုးဇလခန့်မှန်း

A d v e r t i s e m e n t With Us

April 12, 2017

သင်္ကြန်တွင်း မုန်တိုင်းဖြစ်နိုင်ဟု မိုးဇလခန့်မှန်း

သင်္ကြန်တွင်း ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းတခုဖြစ်ပေါ်နိုင်ပြီး နှစ်ဆန်းတရက် ဧပြီ ၁၇ ရက်မှာ ရခိုင်ကမ်းရိုးတန်းကို ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။ သင်္ကြန်အကျနေ့ ဧပြီ ၁၄ ရက်မှာ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာနိုင်ပြီး မုန်တိုင်းငယ်အဖြစ် ရခိုင်ကမ်းရိုးတန်းကို ဖြတ်ကျော် ၀င်ရောက်နိုင်တာပါ။ “၁၄ ရက်နေ့လောက်ကျရင် လေဖိအားနည်းရပ်ဝန်း၊ ဘင်္ဂလားပယ်လယ်အော် တောင်ပိုင်းလောက်မှာ ဖြစ်နိုင်တယ်။ လေဖိအားနည်းရပ်ဝန်းက နည်းနည်းလေး အားကောင်းလာပြီးတော့ မုန်တိုင်းငယ်အဖြစ်နဲ့ ၁၆၊ ၁၇ လောက်ကျရင် မြန်မာနိုင်ငံဘက်ကို ဦးတည်လာနိုင်တဲ့ အနေအထားလေးရှိတယ်၊ ၁၇ ရက် ညနေပိုင်းလောက် ရခိုင်ကမ်းရိုးတန်းကို ဖြတ်မယ် မှန်းတယ်။” မုန်တိုင်းငယ်အဖြစ် အားကောင်းမလာဘဲ လေဖိအားနည်းရပ်ဝန်းအဖြစ်နဲ့ပဲ ပယ်လယ်ထဲ အားပျော့ပျက်ပြယ်သွားမလားဆိုတာ စောင့်ကြည့်နေတယ်လို့လည်း ပြောပါတယ်။ မိုးလေ၀သဌာနရဲ့ ဒီနေ့ မွန်းလွဲ ၂ နာရီအချိန်ထုတ်ပြန်ချက်ထဲမှာတော့ နောက် ၇၂ နာရီအတွင်း ဘင်္ဂလားပယ်လယ်အော်တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
4 years Ago

November 30, 2016

အားကောင်းသောမုန်တိုင်းငယ် မြန်မာပြည်ဘက် ဦးတည်ခြင်းမရှိဟု မိုးဇလခန့်မှန်း

ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းမှာ  ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ ပိုမိုအားကောင်းလာပြီး အားကောင်းသောမုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိလာပြီလို့ မိုးဇလဌာနက ဒီကနေ့ မနက် ၁၁နာရီအချိန် ထုတ်ပြန်ပါတယ်။ အဆိုပါ အားကောင်းတဲ့ မုန်တိုင်းငယ်ဟာ အနောက် -အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့ရဲ့ အရှေ့တောင်ဘက် မိုင်(၄၅၀)ခန့်၊ ပဒူချယ်ရီမြို့ရဲ့ အရှေ့တောင်ဘက် (၄၂၅)မိုင်ခန့်နဲ့  သီရီလင်္ကာနိုင်ငံ၊ ထရင်ကိုမာလီမြို့ရဲ့ အရှေ့ - အရှေ့တောင်ဘက် မိုင်(၂၇၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ဆိုပါတယ်။ အားကောင်းသောမုန်တိုင်းငယ်ရဲ့ လက်ရှိအခြေအနေဟာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမယ့် အခြေအနေမရှိလို့ အဝါရောင်အဆင့် သတ်မှတ်ထားပါတယ်။ နောက်(၁၂)နာရီအတွင်း ပိုမိုအားကောင်းလာပြီး   ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်ကာ အနောက် - အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမယ်လို့ ခန့်မှန်းထားပါတယ်။
4 years Ago
Up