မိုးကြီး ရေလွှမ်းမှု

September 14, 2021

အိန္ဒိယနိုင်ငံတွင် မိုးကြီး ရေလွှမ်းမှုကြောင့် ရေဘေးသင့်သူများကို ဘေးလွတ်ရာရွှေ့ပြောင်း

အိန္ဒိယနိုင်ငံအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်ရဲ့ နေရာဒေသတွေမှာ စက်တင်ဘာ ၁၃ ရက်က မိုးကြီးပြီး ရေလွှမ်းနေလို့ ကယ်ဆယ်ရေးသမားတွေက လူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းနေရပါတယ်။

ဂျမ်နာဂါနဲ့ ရတ်ဂျ်ကော့ဒေသတွေမှာ အမျိုးသားကပ်ဘေးတုံ့ပြန်ရေး တပ်ဖွဲ့ဝင်တွေက အသက်ကယ်ဝတ်စုံတွေ၊ ကြိုးတွေ၊ ယာယီတံတားတွေကို သုံးပြီး ရေဘေးထဲက လူတွေကို ကယ်ထုတ်ရပါတယ်။

ရတ်ဂျ်ကော့ဒေသမှာ ၂၄ နာရီအတွင်း မိုးရေချိန် ၁၃ လက်မထိ ရွာချခဲ့တာဖြစ်ပြီး လူပေါင်း ၁,၄၀၀ ကို မြေနိမ့်ဒေသကနေ ကုန်းမြင့်ဆီ ရွှေ့ပေးခဲ့ရတယ်လို့ ရတ်ဂျ်ကော့ဒေသ စည်ပင်ကော်ပိုရေးရှင်း ကော်မရှင်နာမင်းကြီး အာမစ်အာရိုရာက ပြောပါတယ်။

1 month Ago
Up