မိုးကြိုးပစ်ခံရမှု း

A d v e r t i s e m e n t With Us

June 10, 2020

ပေါက်တွင် ဖားကောက်ထွက်သူ ၁ ဦး မိုးကြိုးပစ်ခံရမှုကြောင့် သေဆုံး

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ မြှားပိုင်းကျေးရွာအုပ်စု၊ ထန်းပင်ချောင်းကျေးရွာ မန်ကျည်းကုန်းတောတဲတိုက်မှာ ဇွန်လ ၈ ရက်နေ့ ည ၉ နာရီခွဲလောက်က မိုးရွာနေချိန် ဖားကောက်ထွက်သူ အမျိုးသား ၁ ဦး မိုးကြိုးထိမှန်ပြီး သေဆုံးခဲ့တယ်လို့ ပေါက်မြို့မရဲစခန်းမှူးက ပြောပါတယ်။ "မိုးရွာလို့ စာသင်ကျောင်းအနောက်ဘက် နှစ်ဖာလုံခန့်အကွာမှာ ဖားကောက်ထွက်တယ်။ မိုးကြိုး နှစ်ချက်ပစ်တယ်။"  အဲဒီကျေးရွာနေ ကုလား (ခ) ဇင်မင်းအေး ၂၂ နှစ်ဟာ ဖားကောက်စဉ် မိုးကြိုးထိမှန်တာကြောင့် ဝဲဘက် လက်မောင်း၊ ကုတ်၊ နောက်ကျောမှ ပေါင်အထိ ညိုမည်းပွန်းပဲ့ အရေပြားလန် ဒဏ်ရာတွေ ရရှိခဲ့ပြီး ပေါက်မြို့ ဆေးရုံအရောက်မှာ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ မကွေးတိုင်းအတွင်း မိုးကြိုးထိမှန်တာကြောင့် ဧပြီမှာ ၁ ဦး၊ မေမှာ ၂ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁ ဦးရှိကြောင်း သဘာဝဘေးအန္တရာယ် မိုးကြိုးဘေးကြောင့် သေဆုံးသူ ၁ ဦးကို သုံးသိန်းကျပ် ထောက်ပံ့ပေးခဲ့တယ်လို့ မကွေးတိုင်းသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်စိုးက ပြောပါတယ်။ ကိုလင်း(ချောက်)
9 months Ago
Up