မိုးကောင်းမြို့

January 26, 2020

မိုးကောင်းမြို့တွင် အင်အား ၃.၉ အဆင့်ရှိ မြေငလျင်လှုပ်

ကချင်ပြည်နယ် မိုးကောင်းမြို့မှာ မနေ့ညနေပိုင်းက အင်အား ၃.၉ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။ ဇန်နဝါရီ ၂၅ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၅ နာရီ၊ ၅၂ မိနစ်၊ ၂၈ စက္ကန့် အချိန်က မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်တောင်ဘက် မိုင် ၆၀ လောက် ကွာဝေးတဲ့ မိုးကောင်းမြို့ရဲ့ အနောက်ဘက် ၂၄ မိုင်ခန့် အကွာ၊ မြောက်လတ္တီတွဒ် ၂၅.၂၈ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၅၄ ဒီဂရီ၊ အနက် ၃၇ ကီလိုမီတာလောက်ကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၃.၉ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။
1 year Ago

October 12, 2019

မိုးကောင်းမြို့တွင် မြေငလျင်လှုပ်ခတ်

ကချင်ပြည်နယ် မိုးကောင်းမြို့မှာ အောက်တိုဘာ ၁၁ ရက်နေ့ ညနေပိုင်းက မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၁၁ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၇ နာရီ၊ ၃၆ မိနစ်၊ ၁၈ စက္ကန့်အချိန်က မိုးကောင်းမြို့ရဲ့ အရှေ့မြောက်ဘက် ၉ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၅.၃၄ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၇.၀၇ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၃.၃ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။
2 years Ago
Up