မိုးကောင်း

October 7, 2022

မိုးကောင်းတွင် CDM ဆရာမ ၁ ဦးနှင့် ဆန္ဒပြ လူငယ် ၃ ဦး ထောင်ဒဏ်အသီးသီးချမှတ်ခံရ

ကချင်ပြည်နယ်၊ မိုးကောင်းမြို့မှာ CDM ပြုလုပ်ထားတဲ့ ကျောင်းဆရာမတယောက်နဲ့ လူငယ်သုံးယောက်ကို မိုးကောင်းမြို့နယ်တရားရုံးက ထောင်ဒဏ် အသီးသီး ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

CDM ပြုလုပ်ကာ Kaung for You Education မှာ သင်ကြားလို့ဆိုပြီး စစ်ကောင်စီက ဖမ်းဆီးခဲ့တဲ့ ဆရာမ ဒေါ်စိုးမြမြကို ထောင်ဒဏ် ၅ နှစ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတယ်ဆိုပြီး ဖမ်းဆီးခံခဲ့ရတဲ့ လူငယ်သုံးယောက်ကိုတော့ ထောင်ဒဏ် ၂ နှစ်ဆီ ချမှတ်ခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။

တရားရုံးနဲ့နီးစပ်သူ အမျိုးသားတယောက်က “အမိန့်ချတာကတော့ စက်တင်ဘာ ၃၀ ရက်နေ့က အမိန့်ချတာ။ ဒေါ်စိုးမြမြကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ပုဒ်မ ၅၂(က) ထောင်ဒဏ် ၅ နှစ်နဲ့ ဆန္ဒပြတယ်ဆိုပြီး အဖမ်းခံရတဲ့ လူငယ်သုံးဦးကို ပုဒ်မ ၅၀၅(က) နဲ့ ထောင်ဒဏ် ၂ နှစ်ဆီ ချလိုက်တယ်။ အခုလက်ရှိကတော့ မိုးကောင်းအချုပ်ထဲမှာပဲ” လို့  ပြောပါတယ်။

ထောင်ဒဏ်ချခံရသူတွေကတော့ ဆရာမ ဒေါ်စိုးမြမြ အပါအဝင် မောင်မင်းသန့်နိုင်၊ မောင်ဟိန်းဇာအောင်နဲ့ မောင်အာကာဟိန်းတို့ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ဆားမှော်ကျေးရွာ NLD ဥက္ကဋ္ဌ ဦးအောင်ဌေးဦး၊ မြို့နယ် NLD အလုပ်အမှုဆောင် ဦးကျော်ထက်ဝင်း၊ NLD ပါတီရဲ့ ရပ်ကျေးဥက္ကဋ္ဌတွေဖြစ်တဲ့  ဦးညီညီဝင်းနဲ့ ဦးဝင်းဦးတို့ အပါအဝင် NLD ပါတီဝင် ၁၀ ယောက်ထက်မနည်းကို စစ်တပ်က ဖမ်းဆီးခဲ့ပါတယ်။

17 hours Ago

October 4, 2022

မိုးကောင်းတွင် ဆေးရုံတက်လူနာ ၁ ဦး ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံး

ကချင်ပြည်နယ်၊ မိုးကောင်းမြို့မှာ စက်တင်ဘာ ၃ ရက် ညပိုင်းက ကိုဗစ်-၁၉ ရောဂါနဲ့ အမျိုးသား  တယောက် သေဆုံးခဲ့တယ်လို့ ကျန်းမာရေးဝန်းထမ်းတွေက ပြောပါတယ်။

မိုးကောင်းမြို့နယ်ပြည်သူ့ဆေးရုံမှာ ဆေးဝါးကုသမှုခံယူနေတဲ့ ကျွန်းတောရပ်ကွက်နေ အသက် ၇၄ နှစ်အရွယ် အမျိုးသား သေဆုံးခဲ့တာဖြစ်ပြီး တကျော့ပြန်ကိုဗစ်ဖြစ်ပွားချိန် ဒါပထမဆုံး သေဆုံးတာ လို့  သိရပါတယ်။

ကျန်းမာရေးဝန်ထမ်းတဦးက "ဆေးရုံမှာ ကိုဗစ်ရောဂါပိုး သံသယ ရှိတဲ့သူတွေကို မနက်ပိုင်းက စစ်ဆေးတာ။ အားလုံးပေါင်း ၁၆ ဦး စစ်ဆေးတယ်။ ၄ ဦးက ပိုးတွေ့ရတယ်။ အဲဒီအထဲကမှ အသက် ၇၄ နှစ်အရွယ် အမျိုးသားက ညပိုင်းမှာ သေဆုံးတယ် "လို့ ပြောပါတယ်။

ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ စတင်ဖြစ်ပွားချိန်ကနေ အခုချိန်ထိ အတည်ပြုလူနာ ၂၉၀၀၀ ကျော်ရှိခဲ့ပြီး သေဆုံးသူ ၁၀၀၀ ကျော်အထိ ရှိခဲ့တယ်လို့ သိရတယ်။

4 days Ago
More News
Up