မိုးကုတ်မြို့ EPC လျှပ်စစ်ရုံး

September 23, 2021

မိုးကုတ်မြို့ EPC လျှပ်စစ်ရုံး ထပ်မံ ဗုံးခွဲခံရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့က မြို့နယ်လျှပ်စစ်မီတာရုံး EPC ရုံးထဲ စက်တင်ဘာ ၂၃ ရက်ဒီနေ့ နေ့ခင်း ၁၂ နာရီဝန်းကျင်က ဗုံးနဲ့ ထပ်မံဖောက်ခွဲခံလိုက်ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

" ဗုံးပေါက်သွားတယ်၊ လူထိတယ်တော့မကြားဘူး "လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မိုးကုန်မြို့နယ်လျှပ်စစ်မီတာရုံးမှာ ဗုံးဖောက်ခွဲခံရတာ ခုတကြိမ်းပါနဲ့ဆိုရင် သုံးကြိမ်ရှိပြီဖြစ်ပါတယ်။

မိုးကုတ်မြို့မှာ စက်တင်ဘာ ၂၂ရက် ညနေပိုင်းကလည်း မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးစန်းအေး သေနတ်နဲ့ပစ်သတ်ခံရပြီးနောက် သေဆုံးသွားပါတယ်။ 

မိုးကုတ်မြို့မှာ ရပ်ကွက်တွေထဲကို စစ်ကောင်စီတပ်တွေက လူငယ်တွေကို ဝင်ဖမ်းချိန်မှာ  မြို့နယ်လျှပ်စစ်မီတာရုံးက မီးဖြတ်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

4 weeks Ago
Up