မိုးကုတ်မြို့အနီး တိုက်ပွဲဖြစ်

April 28, 2021

မိုးကုတ်မြို့အနီး တိုက်ပွဲဖြစ်

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ် ညောင်ပင်သာရွာအနီးမှာ အာဏာသိမ်း စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့တို့  ဧပြီ ၂၈ ရက်နေ့မှာ တိုက်ပွဲ ဖြစ်ပွားပါတယ်။

ညောင်သာယာရွာက မိုးကုတ်မြို့နဲ့ မိုင်းလုံမြို့ကြားထဲက ရွာတရွာဖြစ်ပြီး တောင်စောင်းမှာ ပစ်နေကြတာလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ 

မိုးကုတ်ကနေ မိနစ် ၂၀ လောက် ဝေးတဲ့နေရာမှာဖြစ်နေတာဖြစ်ပြီး မိုးကုတ်ဗျူဟာကုန်းကနေ လက်နက်ကြီးနဲ့ နှစ်ချက်လှမ်းပစ်နေတယ်လို့ ဒေသခံတွေ​ဆီက သိရပါတယ်။

အဆိုပါတိုက်ပွဲနဲ့ ပတ်သက်ပြီး နှစ်ဖက်ထိခိုက်မှုရှိမရှိ အခြေအနေကိုတော့ မသိရသေးပါဘူး။

7 months Ago
Up