မိုးကုတ်မြို့

A d v e r t i s e m e n t With Us

March 2, 2021

မိုးကုတ်မြို့က သပိတ်ခေါင်းဆောင်တစ်ဦးကို ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲ

မန္တလေးတိုင်း မိုးကုတ်မြို့နယ်က သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ အမျိုးသားစာပေဆုရ စာရေးဆရာ ဦးထက်နိုင် (တလုတ်)ကို ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုထားတယ်လို့ သပိတ်ကော်မတီကနေ သိရပါတယ်။

မိုးကုတ်မြို့မှာ ဖေဖော်ဝါရီ ၈ ရက်နေ့ကစပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ပြည်သူ ထောင်သောင်းချီ နေ့စဥ် ဆန္ဒထုတ်ဖော်နေကြတာပါ။

သပိတ်စစ်ကြောင်းကို ဦးဆောင်တဲ့ သပိတ်ခေါင်းဆောင်တွေကို ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

မိုးကုတ်မြို့က ရေပူဆရာတော်၊ ဦးစိုးဌေးနဲ့ စာရေးဆရာ ဦးထက်နိုင်တို့ကို ရဲတပ်ဖွဲ့က နေအိမ်တွေမှာ လိုက်လံရှာဖွေနေကြတာကြောင့် တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

သတင်း - ဟန်နာထက်အောင်

1 day Ago

February 23, 2021

မိုးကုတ်မြို့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွင် သရုပ်ဆောင်နေမင်း ပါဝင်ဆန္ဒပြ

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြမှုတွေ   နေ့စဉ်ရက်ဆက်လုပ်ဆောင်နေရာမှာ ဒီကနေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာတော့ မြို့သူမြို့သားတွေနဲ့အတူ ရုပ်ရှင်သရုပ်ဆောင်နေမင်းက ဆန္ဒပြတဲ့နေရာမှာ ပူးပေါင်း ပါဝင်လာပါတယ်။

ဆန္ဒပြပွဲမှာ မိုးကုတ်မြို့မှာ နေထိုင်နေကြတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ပူးပေါင်းပြီး အင်အား သောင်းချီပါဝင်  ငြိမ်းချမ်းစွာ ဆန္ဒပြနေကြပါတယ်။

သတင်း - ဟန်နာထက်အောင်

1 week Ago
More News
Up