အိန္ဒိယနိုင်ငံအတွင်း ကျန်းမာရေးစနစ် အားနည်းမှုကြောင့် ကျန်းမာရေးလုပ်သားတွေအတွက် တကိုယ်တော်ကာကွယ်ရေးပစ္စည်း PPEတွေ ပြတ်လပ်နေတာကြောင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တိုက်ဖျက်ရေးမှာ ဆရာဝန်တချို့ဟာ မိုးကာအင်္ကျီနဲ့ နေကာမျက်မှန်တွေကို သုံးနေရပါတယ်။
ဝန်ကြီးချုပ် နရင်ဒြာမိုဒီရဲ့အစိုးရက ပြတ်လပ်မှု ပြည့်မီရေး တရုတ်နဲ့ တောင်ကိုရီးယားကနေ တင်သွင်းမယ့်အပြင် ပြည်တွင်းမှာလည်း ထုတ်လုပ်ဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။
ဒီနေ့မနက်ပိုင်းအထိ အိန္ဒိယနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၅၄၃ ဦးနဲ့ သေဆုံးသူ ၇၂ ဦးရှိပြီလို့ သိရပါတယ်။
ကူးစက်မှုတိုက်ဖျက်ရေး ဆရာဝန် ၁ ဒါဇင်ကျော်ကလည်း သင့်တော်တဲ့ ကာကွယ်ရေး ဝတ်စုံတွေ မရှိရင် သူတို့ဟာ ရောဂါသယ်ဆောင်ဖြန့်ဖြူးသူတွေ ဖြစ်လာမှာ စိုးရိမ်တယ်လို့ ပြောပါတယ်။
11 months Ago