မိုးညှင်းမြို့နယ်တွင် မြေကျင်းပိ၍ လူ ၂ ဦး သေဆုံး

May 27, 2018

မိုးညှင်းမြို့နယ်တွင် မြေကျင်းပိ၍ လူ ၂ ဦး သေဆုံး

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်မှာ မနေ့က မြေကျင်းပိမိပြီး လူ ၂ ဦး သေဆုံးခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ မေလ ၂၆ ရက်နေ့ မနက် ၉ နာရီခွဲမှာ မိုးညှင်းမြို့နယ် တုံပင်ကျေးရွာနေ အသက် ၁၉ နှစ်အရွယ် မောင်တာပိုင် ဟင်းရှာထွက်ဖို့ မမုန်ကိုင်ကျေးရွာ အနောက်ဘက် ရွှေမှော်ဟောင်း နေရာသို့ ဖြတ်သွားစဉ် လူ ၂ ဦး မြေကျင်းပိနေတာကို တွေ့ရှိတဲ့အတွက် လုံးတုံနယ်မြေရဲစခန်း ကို အကြောင်းကြား သတင်းပေးပို့ခဲ့တာပါ။ သတင်းပေးပို့ချက်အရ လုံးတုံ နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်တွေက သွားရောက်စစ်ဆေး ခဲ့ရာ ကျော်ဆန်းဝင်း (၁၇)နှစ်ပါ ၂ ဦး (ကျား ၁၊ မ ၁) တို့ကို မှောက်လျက်အနေအထားနဲ့ မြေကျင်းပိမိ သေဆုံးနေတာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ လုံးတုံ နယ်မြေရဲစခန်းက သေမှုသခင်း အမှတ်စဉ်(၁၂/၂၀၁၈)နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။
4 years Ago
Up