မိုလာဗေ တိုက်ဖွန်းမုန်တိုင်း

October 28, 2020

ဗီယက်နမ်အလယ်ပိုင်းကို မိုလာဗေ တိုက်ဖွန်းမုန်တိုင်း တိုက်ခတ်၊ လူ ၂၆ ဦးပျောက်ဆုံး

ဆယ်စုနှစ် နှစ်ခုအတွင်း အားအကောင်းဆုံးမုန်တိုင်းတစ်ခု ဖြစ်တဲ့ တိုက်ဖွန်းမုန်တိုင်း  မိုလာဗေဟာ အောက်တိုဘာ ၂၇ ရက်က ဗီယက်နမ်အလယ်ပိုင်းကို ဝင်ရောက်တိုက်ခတ်သွားပြီး ငါးဖမ်းသမား ၂၆ ယောက်ထက်မနည်း ပျောက်ဆုံးနေပါတယ်။ ပျောက်ဆုံးနေတဲ့ ငါးဖမ်းသမားတွေကို ရေတပ်သင်္ဘော နှစ်စီးလွှတ်ပြီး ရှာဖွေရေးလုပ်နေပါတယ်။   မုန်တိုင်းကြောင့် သစ်ပင်တွေ အမြစ်တွေကျွတ်ထွက်ခဲ့ပြီး လူပေါင်း သိန်းနဲ့ချီကို ဘေးလွတ်ရာ ပြောင်းရွှေ့ခဲ့ရပါတယ်။   လေတိုက်နှုန်း တစ်နာရီ ၈၄ မိုင် နီးပါး ရှိတဲ့ တိုက်ဖွန်း မိုလာဗေကြောင့် လူ နှစ်ယောက်လည်း သေဆုံးထားတယ်လို့ ရိုက်တာက ဆိုပါတယ်။  ဗီယက်နမ်အလယ်ပိုင်း ဘင်ဒင်းပြည်နယ် ဒေသခံတစ်ဦးကတော့  လေထဲမှာ အိမ်မိုးသွပ်တွေနဲ့ သစ်ကိုင်းတွေ ပျံဝဲနေတာ တွေ့တယ်လို့ပြောပါတယ်။ တိုက်ဖွန်းမလာခင် တပ်ဖွဲ့ဝင် နှစ်သိန်းခွဲကို အသင့် တာဝန်ချထားပြီး မုန်တိုင်းအပြီး ကယ်ဆယ်ရေးအတွက် ရဟတ်ယာဉ်နဲ့ မော်တော်တွေကို အသင့်ပြင်ထားတယ်လို့  အစိုးရက ပြောဆိုပါတယ်။ ဒီနှစ်အတွင်း ဗီယက်နမ်ကို မုန်တိုင်း ၉ လုံး ဝင်ရောက်ထားပါတယ်။ အောက်တိုဘာလ အစောပိုင်းတုန်းကလည်း  ဗီယက်နမ် အလယ်ပိုင်းမှာ  မိုးကြီး ရေကြီးမြေပြိုခဲ့တာကြောင့် လူ ၁၃၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းမှာ ရေသားထားပါတယ်။
1 year Ago
Up