မိုရီယာဒုက္ခသည်စခန်း

September 16, 2020

ဂရိနိုင်ငံ ဒုက္ခသည်စခန်း မီးလောင်မှုနှင့်ပတ်သက်၍ ရွှေ့ပြောင်းနေထိုင်သူ ၅ ဦးကို ဖမ်းဆီး

ဂရိနိုင်ငံ လက်ဘော့စ်ကျွန်းပေါ်က မိုရီယာဒုက္ခသည်စခန်း မီးလောင်မှုနဲ့ပတ်သက်ပြီး ဂရိ ရဲတွေက ရွှေ့ပြောင်းနေထိုင်သူ ၅ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး နောက်တယောက်ကို ရှာဖွေနေတယ်လို့ နိုင်ငံသား ကာကွယ်ရေးဝန်ကြီးက စက်တင်ဘာ ၁၅ ရက်မှာ ပြောလိုက်ပါတယ်။ အာဖဂန်နစ္စတန်၊ အာဖရိကနဲ့ ဆီးရီးယားနိုင်ငံတို့က အဓိကလာတဲ့ ထောင်ချီတဲ့လူတွေဟာ ဗုဒ္ဓဟူးနေ့က မီးဘေးအပြီး လမ်းပေါ်မှာ အမိုးအကာမရှိ သင့်တော်တဲ့ မိလ္လာစနစ်နဲ့ အစာရေစာ မရှိဘဲ နေကြရပြီး အသေအပျောက်တော့ မရှိခဲ့ပါဘူး။  မိုရီယာစခန်းထဲမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံလူနာတွေ တွေ့အပြီး ရောဂါခြေချုပ် ကန့်သတ်ချက်တွေကို ဆန့်ကျင်သူတွေက စခန်းကို တမင်သက်သက် မီးရှို့တာလို့ ဂရိ အာဏာပိုင်တွေက ယုံကြည်ကြပါတယ်။ အသစ်ပြန်တည်ဆောက်ထားတဲ့ စခန်းသစ်ထဲကို ဝင်လာသူ ရွှေ့ပြောင်းနေထိုင်သူ ၂၅ ယောက်ထက် မနည်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတာ စမ်းသပ်တွေ့ရှိထားပါတယ်။
1 year Ago
Up