မိုရာတာ

A d v e r t i s e m e n t With Us

November 24, 2020

တိုက်စစ်မှူး ၃ ဦးကို ပထမဆုံးအကြိမ် တပြိုင်နက် အသုံးပြုချင်ကြောင်း ဂျူဗင်တပ်စ်နည်းပြ ပြော

ဟန်ဂေရီချန်ပီယံ ဖာရန်ဗားရို့စ်အသင်းနဲ့ကစားရမယ့်ပွဲစဉ်ဟာ စီရော်နယ်ဒို၊ ဒီဘားလားနဲ့ မိုရာတာတို့ တိုက်စစ်မှူး ၃ ဦး ပထမဆုံးအကြိမ် အတူကစားရမယ့်ပွဲ ဖြစ်တယ်လို့ ဂျူဗင်တပ်စ် နည်းပြ ပီယာလိုက ပြောပါတယ်။  ဂျူဗင်တပ်စ်အသင်းဟာ နိုဝင်ဘာ ၂၄ ရက်မှာ ပထမအကျော့တုန်းက ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဖာရန်ဗားရို့စ်နဲ့ အိမ်ကွင်းမှာ ပြန်လည်ယှဉ်ပြိုင်ရမှာပါ။  ပထမအကျော့က ဂိုးပြတ်အနိုင်ရခဲ့ပေမယ့် ဒီပွဲမှာတော့ ပုံစံတစ်မျိုးနဲ့ ချဉ်းကပ်ကစားနိုင်ဖို့ လိုပြီး ခက်ခဲတဲ့ပွဲ ဖြစ်လာလိမ့်မယ်လို့ နည်းပြ ပီယာလိုက ပြောပါတယ်။  အသင်းတိုက်စစ်ပိုင်းမှာတော့ အခုနှစ်ရာသီမှာ အဓိကတိုက်စစ်မှူး ၃ ဦးစလုံး ပါဝင်ကစားမယ့် ပထမဆုံးပွဲ ဖြစ်လာလိမ့်မယ်လို့ ပီယာလိုက ပြောပါတယ်။  ဂျူဗင်တပ်စ် တိုက်စစ်မှာ စီရော်နယ်ဒို၊ ဒီဘားလားနဲ့ ကစားသမားသစ် မိုရာတာတို့ ၃ ဦး အတူတွဲဖက် ကစားရခြင်း မရှိသေးတာ ဖြစ်ပါတယ်။
3 months Ago

September 24, 2020

တိုက်စစ်မှူး မိုရာတာကို အပြီးသတ်ခေါ်ယူခွင့် ဂျူဗင်တပ်အသင်း ရရှိ

အက်သလက်တီကို တိုက်စစ်မှူး မိုရာတာကို ဂျူဗင်တပ်အသင်းက အငှားနဲ့ခေါ်ယူခဲ့ပြီး ယူရို ၄၅ သန်းနဲ့ အပြီးသတ် ခေါ်ယူခွင့်လည်း ပါဝင်ပါတယ်။ စပိန်တိုက်စစ်မှူး မိုရာတာကို ဂျူဗင်တပ်အသင်းက ရာသီအကုန်မှာ အပြီးသတ်ခေါ်ယူ နိုင်မှာဖြစ်ပြီး ယူရို ၄၅ သန်း ထပ်မံပေးချေရမယ်လို့ သိရပါတယ်။  မိုရာတာဟာ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ ဂျူဗင်တပ်အသင်းမှာ ကစားခဲ့ဖူးပြီး စုစုပေါင်း ၉၃ ပွဲမှာ ၂၇ ဂိုး သွင်းယူပေးခဲ့ပါတယ်။  ဂျူဗင်တပ်အသင်းဟာ အစောပိုင်းက ဘာစီလိုနာတိုက်စစ်မှူး ဆွာရက်ဇ်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမဲ့ အဆင်မပြေ ဖြစ်ခဲ့တာပါ။  လက်ရှိအချိန်မှာတော့ အက်သလက်တီကို မက်ဒရစ်က မိုရာတာနေရာမှာ အစားထိုးဖို့ ဆွာရက်ဇ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။  နည်းပြသစ် ပီယာလို ကိုင်တွယ်နေတဲ့ ဂျူဗင်တပ်အသင်းဟာ စီးရီးအေအဖွင့်ပွဲစဉ်မှာတော့ ဆမ်ဒိုးရီးယားကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။ 
5 months Ago
More News
Up