မိုဘမ်ဘစ်နိုင်ငံ

March 23, 2019

မိုဘမ်ဘစ်နိုင်ငံတွင် ရေကြီးမှုကြောင့် သေဆုံးသူ ၂၄၂ ဦးရှိပြီ

မိုဘမ်ဘစ်နိုင်ငံမှာ ဆိုင်ကလုန်း အိုင်ဒေးနဲ့ ဆိုင်ကလုန်းနောက်ဆက်တွဲ ရေကြီးမှုကြောင့် အခုထိ သေဆုံးသူ ၂၄၂ ယောက် ရှိသွားပါပြီ။ ဆိုင်ကလုန်းဒဏ် ခံရတဲ့ ဘေးရာမြို့မှာ ၀မ်းရောဂါဖြစ်ပွားတဲ့ သတင်းတွေ ပေါ်ထွက်နေတယ်လို့ နိုင်ငံတကာ ကြက်ခြေနီနဲ့ လခြမ်းနီ အသင်းအဖွဲ့ (IFRC)က  မတ်လ ၂၂ ရက်မှာ ပြောကြားပါတယ်။ “၀မ်းရောဂါဖြစ်ပွါးနိုင်တဲ့ အလားအလာပေါ် အခြေခံပြီး အကူအညီပေးရေး အဖွဲ့တွေ အကြားမှာ စိုးရိမ်စိတ်တွေ  မြင့်တက်နေပါတယ်။ ရေကြီးဒဏ်ခံရတဲ့  ဒေသခံတွေထဲမှာ ငှက်ဖျားပိုး ကူးစက်ခံရတဲ့ အရေအတွက် မြင့်တက်လာတာနဲ့ အတူ ၀မ်းရောဂါ  ဖြစ်ပွားတာ တချို့ကိုလည်း တွေ့ရပါတယ်” လို့ သတင်း ထုတ်ပြန်ချက်က ဆိုပါတယ်။ အသက်ရှင် လွတ်မြောက်သူတွေဟာ ယာယီစခန်းတွေမှာ စုဝေးနေထိုင်ကြပြီး ကျန်းမာရေး အရာရှိတွေက ၀မ်းရောဂါနဲ့ တခြားရောဂါတွေ ဖြစ်နိုင်တယ်လို့ သတိပေးထားတာမို့ UNICEF အကြီးအကဲက လျှပ်စစ်မီးနဲ့ ရေမရှိတဲ့ မြေပြင်အခြေအနေဟာ စိုးရိမ်ဖွယ်ရာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
3 years Ago
Up