မိုဗစ်

November 29, 2020

ကွင်းပြင်ပအမှားလုပ်မှု မာရာဒိုနာပြဿနာသာ ဖြစ်ကြောင်း မိုဗစ် သုံးသပ်

ကွင်းပြင်ပမှာ မာရာဒိုနာ လုပ်ဆောင်ခဲ့တာတွေက ပရိသတ်တွေနဲ့မဆိုင်ဘဲ သူ့ရဲ့ ပြဿနာသာ ဖြစ်တယ်လို့ အေစီမီလန်တိုက်စစ်မှူး အီဗရာဟီမိုဗစ်က ပြောပါတယ်။  အာဂျင်တီးနား ဂန္ထဝင်ကစားသမားကြီး မာရာဒိုနာဟာ နိုဝင်ဘာ ၂၅ ရက်က နှလုံးဖောက်ပြီး ကွယ်လွန်ခဲ့တာပါ။ ကစားသမားဘ၀တလျှောက် မူးယစ်ဆေးနဲ့ အရက် သုံးစွဲမှုတွေကြောင့် ပွဲပယ်ပြစ်ဒဏ်တွေ ချမှတ်ခံခဲ့ရဖူးပါတယ်။ အေစီမီလန်မှာ ကစားနေတဲ့ ဆွီဒင်တိုက်စစ်မှူး မိုဗစ်ကတော့ မာရာဒိုနာက ဘောလုံးထက် ပိုမိုအဓိပ္ပာယ်ရှိပြီး သူနဲ့ စကားပြောဆိုခွင့်ရခဲ့ဖူးတာက ကံကောင်းခဲ့တယ်လို့ မိုဗစ်က ပြောပါတယ်။  မာရာဒိုနာက ကွင်းထဲမှာ လုပ်ဆောင်ပြခဲ့ခြင်းရဲ့ ပြယုဂ်တစ်ခုဖြစ်ပြီး ကွင်းပြင်ပက သူ့ရဲ့ကိစ္စတွေက ပရိသတ်တွေနဲ့မသက်ဆိုင်ဘဲ သူ့ရဲ့ပြဿနာသာ ဖြစ်တယ်လို့ မိုဗစ်က သုံးသပ်ပါတယ်။  မာရာဒိုနာကို အမြဲတမ်း အမှတ်ရနေမှာဖြစ်ပြီး နံပါတ် ၁၀ ကို မြင်လိုက်တာနဲ့ မာရာဒိုနာကို ပြေးမြင်မိကြမယ်လို့လည်း  မိုဗစ်က သုံးသပ်ပါတယ်။
6 months Ago

November 2, 2020

နောက်ပြန်ကန်ချက်ဖြင့် အေစီမီလန်အတွက် နောက်ကျအနိုင်ဂိုး သွင်းပေးခဲ့သည့် မိုဗစ် (ရုပ်သံဟိုက်လိုက်)

အေစီမီလန်တိုက်စစ်မှူး ဇလာတန်အီဗရာဟီမိုဗစ်ဟာ အူဒီးနီးနဲ့ပွဲမှာ အသင်းအတွက် အရေးပါတဲ့ နောက်ကျအနိုင်ဂိုးကို သွင်းယူပေးခဲ့ကာ အသင်းကို အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နိုင်ရေးအတွက် ကူညီပေးခဲ့ပါတယ်။  ဒီသွင်းဂိုးဟာအသက် ၃၉ နှစ်အရွယ် တိုက်စစ်မှူးအတွက် ဒီရာသီလိဂ်ပွဲစဉ် ၄ ပွဲအတွင်း ၇ ဂိုးမြောက် သွင်းယူမှုလည်း ဖြစ်ပါတယ်။ “ကျနော်သွင်းခဲ့တဲ့ဂိုးက ကောင်းမွန်လွန်းတဲ့ ဂိုးဖြစ်ပေမယ့် အသင်းအတွက် အနိုင်ရလဒ်ရရှိခဲ့ခြင်းက ပိုအရေးကြီးပါတယ်။ ကျနော်တို့ဟာ ဥရောပရဲ့ အသက်အငယ်ဆုံး အသင်းတွေထဲမှာ အပါအဝင်ဖြစ်ပါတယ်။ ကျနော့်အသက်အရွယ်က ပြောစရာဖြစ်ပေမယ့် တခြားအသင်းဖော်တွေကြောင့် ကိုယ့်ကိုယ်ကိုယ် လူငယ်လေးလိုပဲ ခံစားရပါတယ်”  လို့ မိုဗစ်က ပြောပါတယ်။  အူဒီးနီးနဲ့ပွဲမှာ မိုဗစ်ဟာ အနိုင်ဂိုးကို မသွင်းယူခင် ကတ်ဆီရဲ့ အဖွင့်ဂိုးကိုလည်း ဖန်တီးပေးခဲ့သူ ဖြစ်ပါတယ်။  မီလန်အသင်းဟာ ပင်နယ်တီကနေ ချေပဂိုးပေးလိုက်ရပြီးနောက်ပွဲချိန် ၈၃ မိနစ်မှာ မိုဗစ်က လှပတဲ့ ကန်ချက်နဲ့အသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ လေပေါ်ကနေ နောက်ပြန်ကန်ချက်နဲ့ အူဒီနီး နောက်ခံလူ ၂ ဦးနဲ့ ဂိုးသမားတို့ကို ကျော်ဖြတ်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒီသွင်းဂိုးကြောင့် မိုဗစ်ဟာ အေစီမီလန်အသင်းကို တကျော့ပြန်ခရီးစဉ်အတွင်း စီးရီးအေပွဲ  ၂၂ ပွဲ ကစားပြီးချိန် ၁၇ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီပွဲရလဒ်ကြောင့် အေစီမီလန်အသင်းဟာလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပွဲစဉ်တွေ ပြန်စခဲ့တဲ့ ဇွန်လကစလို့ ၂၄ ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့ပြီ ဖြစ်ပါတယ်။
6 months Ago
More News
Up