အာဆင်နယ်အသင်းဟာ မိုနာကိုကစားသမား သောမက်စ်လီမာကို ခေါ်ယူဖို့အတွက် ပေါင်သန်း ၅၀ နဲ့ တတိယအကြိမ် ကမ်းလှမ်းလိုက်ပါတယ်။
အာဆင်နယ်အသင်းဟာ ဒုတိယအကြိမ်တုန်းက ပေါင် ၄၅ သန်းနဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး မိုနာကိုက ပယ်ချလိုက်တာဖြစ်ပါတယ်။
အသက် ၂၁ နှစ်ရှိ ပြင်သစ်လက်ရွေးစင် လီမာဟာ ပြီးခဲ့တဲ့ရာသီက မိုနာကိုအသင်း ပြင်သစ်လိဂ်ချန်ပီယံ ဖြစ်ခဲ့ရာမှာ ခြေစွမ်းပြခဲ့သူဖြစ်ပါတယ်။
မိုနာကိုအသင်းဟာ အဓိက ကစားသမား အများစုကို ရောင်းချထားတာကြောင့် လီမာကို ထပ်ပြီး လက်လွှတ်ခံဖို့ မရှိတော့ဘူးလို့ သိရပါတယ်။
ဒါပေမယ့် အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးကတော့ ပြင်သစ်သားဖြစ်တဲ့ သောမက်စ်လီမာကို အရခေါ်ယူလိုနေပြီး ပြောင်းရွှေ့ကြေး ထပ်တိုးကာ ကမ်းလှမ်းမှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
6 years Ago