မိုဇမ်ဘစ်

April 28, 2019

မိုဇမ်ဘစ်တွင် ဆိုင်ကလုန်းမုန်တိုင်းကြောင့် ၅ ဦး သေဆုံး

အိန္ဒိယသမုဒ္ဒရာ ကမ်းရိုးတန်းမှာရှိတဲ့ အာဖရိကတိုက် တောင်ပိုင်းက မိုဇမ်ဘစ်နိုင်ငံ မြောက်ပိုင်းကို ဆိုင်ကလုန်းမုန်တိုင်း ကဲနက်သ်က ဝင်ရောက် တိုက်ခတ်အပြီး ၂ ရက်အကြာ ဧပြီ ၂၇ ရက်မှာ သေဆုံးသူ ဦးရေ ၅ ဦးထိ မြင့်တက်ခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ နိုင်ငံ အရှေ့မြောက်ပိုင်း ပမ်ဘာမြို့ထဲက လမ်းတွေပေါ်မှာ အမြစ်ကနေ ကျွတ်လဲနေတဲ့ သစ်ပင်ကြီးတွေ ပုံကို မိုဇမ်ဘစ် ကြက်ခြေနီအသင်းက ပြထားပါတယ်။ ဒါဟာ နိုင်ငံတွင်း သီတင်းပတ် ၆ ပတ်အတွင်း ဒုတိယမြောက် ဝင်ခဲ့တဲ့ မုန်တိုင်းပါ။ စနေနေ့က မိုးကြီးလို့ နောက်တကြိမ် ရေလွှမ်းမှာကို စိုးရိမ်နေကြပါတယ်။ မတ်လက ဆိုင်ကလုန်း အိုင်ဒေးကြောင့် ရေကြီးမြေပြိုတာတွေ ထူပြောခဲ့တာပါ။ အိုင်ဒေး မုန်တိုင်းကြောင့် နိုင်ငံတလွှား လူအယောက် ၁ ထောင်ကျော် သေဆုံးပြီး ဆိပ်ကမ်းမြို့ ဘေးရာလည်း ပြားပြားဝပ် ပျက်စီးခဲ့ပါတယ်။
2 years Ago
Up