မိုဆူးလ်တိုက်ပွဲအတွင်း

A d v e r t i s e m e n t With Us

October 23, 2016

မိုဆူးလ်တိုက်ပွဲအတွင်း အဆိပ်ငွေ့မိ လူရာပေါင်းများစွာ ဆေးကုသမှုခံနေရ

အီရတ်နိုင်ငံမြောက်ပိုင်းက အိုင်အက်စ်အကြမ်းဖက်တွေ အခိုင်အမာ ထိန်းချုပ်ထားတဲ့ မိုဆူးလ်မြို့ကို အီရတ်စစ်တပ်က ပြန်လည်သိမ်းပိုက်တဲ့ စစ်ဆင်ရေးအတွင်း အိုင်အက်စ်တွေဘက်က ဆာလဖာဗုံး သုံးခဲ့တာကြောင့် အဆိပ်ငွေ့တွေပျံ့နှံ့ပြီး လူရာပေါင်းများစွာ ဆေးကုသမှု ခံယူနေရပါတယ်။ ပြီးခဲ့တဲ့အပတ်က အီရတ်စစ်တပ်ဟာ အမေရိကန်နဲ့ မဟာမိတ် လေကြောင်းပစ်ခတ်ပေးမှုတွေနဲ့ မိုဆူးမြို့တောင်ဘက်က တိုက်ဂရစ်မြစ်ကမ်းက ကျေးရွာတွေကို သိမ်းပိုက်နေတာဖြစ်ပြီး အိုင်အက်စ်ဘက်က တိုက်ခိုက်ရေးသမားတွေဟာ ဆာလဖာဗုံးတွေကို ဖောက်ခွဲခဲ့တာလို့   အမေရိကန်စစ်တပ်က ပြောပါတယ်။ အောက်တိုဘာလ ၂၂ ရက်နေ့က မိုဆူးလ်မြို့နားမှာ တပ်စွဲနေတဲ့ အမေရိကန်စစ်သားတွေဟာ လေထဲမှာ မီးခိုးငွေ့အနံ့တွေရလာလို့ အကာအကွယ် မျက်နှာဖုံးတွေ တပ်ဆင်ထားရတယ်လို့ ဆိုပါတယ်။ ရိုက်တာသတင်းဌာနကတော့ အသက်ရှူရခက်တဲ့ ကျန်းမာရေးပြဿနာတွေကြောင့် နောက်ထပ် လူ ၁၀၀၀ လောက်ဟာလည်း ဆေးကုသမှုခံနေတယ်လို့ သတင်းထုတ်ပြန်ထားတာ ပါ။ အဆိပ်မီးခိုးငွေ့တွေကြောင့် အရပ်သား ၂ ဦး သေဆုံးပြီး လူတော်တော်များများလည်း ဒဏ်ရာရခဲ့တယ်လို့ အီရက်ကွန်မန်ဒါတဦးက အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။ တချိန်တည်းမှာပဲ မိုဆူးလ်မြို့ရဲ့တောင်ဘက် ၃၀ ကီလိုမီတာ မိုင် ၂၀ အကွာမှာရှိတဲ့ အိုင်အက်စ်တွေရဲ့ မြို့တော်ကာရာကိုရှ်ကို အီရတ်တပ်တွေကလည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပါ တယ်။ စစ်မဖြစ်ခင်က အီရတ်နိုင်ငံရဲ့အကြီးဆုံး မြို့တမြို့ဖြစ်ခဲ့တဲ့ ကာရာကိုရှ်မြို့ဟာ လူသူမရှိသလောက်ဖြစ်နေပေမယ့် အိုင်အက်စ်တွေကတော့ မိုဆူးလ်မြို့နဲ့ နီးတဲ့နေရာတွေမှာတော့ မြေမြှုပ်ဗုံးတွေ မြှုပ်ထားခဲ့တာပါ။ အိုင်အက်စ် တိုက်ခိုက်ရေးသမားတွေဟာ နေရာအနှံ့မှာ အသေခံဗုံးခွဲတာ၊ အစိုးရတပ်တွေဆီကို ဦးတည်တဲ့ မြန်နှုန်းမြင့် ပေါက်ကွဲပစ္စည်းတွေတင်ထားတဲ့ ယာဉ်တွေကို မောင်းနှင်တာ စတဲ့နည်းပရိယာယ်တွေနဲ့ တိုက်ခိုက်နေခဲ့တယ်လို့လည်း သိရပါတယ်။
4 years Ago
Up