လီဗာပူးတိုက်စစ်မှူး မိုဆာလာဟာ အသင်းဂန္ထဝင်ကွင်းလယ်လူ စတီဗင်ဂျရတ်ရဲ့ ချန်ပီယံလိဂ်သွင်းဂိုးအများဆုံး မှတ်တမ်းကို လိုက်မီသွားခဲ့ပါတယ်။
ဆာလာဟာ အတ္တလန်တာနဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာတစ်ဂိုး သွင်းယူခဲ့ပြီးနောက် လစ်ဗာပူးနဲ့အတူ ချန်ပီယံလိဂ်သွင်းဂိုး ၂၁ ဂိုး ရှိသွားခဲ့တာပါ။
အသင်းဂန္ထဝင်ကွင်းလယ်လူ စတီဗင်ဂျရတ်ဟာလည်း သူ့ရဲ့ လီဗာပူးကစားသမားဘဝမှာ ချန်ပီယံလိဂ် သွင်းဂိုး စုစုပေါင်း ၂၁ဂိုးနဲ့ မှတ်တမ်းတင်ထားတာဖြစ်ပြီ ဆာလာကအသင်းနဲ့ ၄နှစ်ကြာ ကာလအတွင်းမှာပဲ လိုက်မီခဲ့တာပါ။
ဆာလာအနေနဲ့လာမယ့်ပွဲစဉ်မှာ အတ္တလန်တာအသင်းနဲ့ ဒုတိယအကျော့ပွဲစဉ်အဖြစ် အမ်ဖီးလ်ကွင်းမှာ ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဂျရတ်ရဲ့ သွင်းဂိုး မှတ်တမ်းကို ကျော်ဖြတ်နိုင်ဖို့ အခွင့်အရေးရှိလာမှာဖြစ်ပါတယ်။
အတ္တလန်တာနဲ့ပွဲမှာ လီဗာပူးက ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ဥရောပပွဲစဉ်တွေမှာ အင်္ဂလန်ကလပ်တွေက အီတလီကလပ်တွေကို အဝေးကွင်းမှာ ဂိုးအပြတ်ဆုံးနိုင်ပွဲအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
2 years Ago