မိုင် ၅၀ ခရီးရှည်ချီတက်လမ်းလျှောက်ပွဲ

May 2, 2021

NUGအစိုးရထောက်ခံရေး မိုင် ၅၀ ခရီးရှည်ချီတက်လမ်းလျှောက်ပွဲ ဂျပန်တွင်ပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ NUG အား ဂျပန်အစိုးရက အမြန်ဆုံးအတည်ပြု ထောက်ခံပေးရန် လှုပ်ရှားမှုအဖြစ် မိုင် ၅၀ ခရီးရှည်လမ်းလျှောက်ပွဲကို မေလ ၁ ရက်က ဂျပန်ရောက်မ မြန်မာလူငယ်များ(Fairness Group)က ဦးဆောင် ပြုလုပ်ခဲ့ပါတယ်။

ခရီးရှည်လမ်းလျှောက်ဆန္ဒထုတ်ဖော်ပွဲမှာ  ဂျပန်လူငယ်အမျိုးသမီး ၁ ဦးအပါအဝင် ၂၁ ဦးနဲ့ လှုပ်ရှားမှုကို ကူညီသူ ၁၀ ဦး စုစုပေါင်း  ၃၁ ဦး ပါဝင်ပါတယ်။

ဖြတ်သန်းခဲ့တဲ့လမ်းတလျှောက်ရှိ ဂျပန်ပြည်သူတွေကိုလည်း လက်ရှိမြန်မာနိုင်ငံအခြေအနေတွေ ရေးသားထားတဲ့လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တယ်လို့ ဦးဆောင်သူတဦးဖြစ်တဲ့ ကိုရန်မျိုးအောင်ခေါ် အဆိုတော် ကိုသားသားကပြောပါတယ်။

မိုင်၅၀လမ်းလျှောက် ဆန္ဒထုတ်ဖေါ်မှုကို မေလ ၂ရက် နေ့လည်ပိုင်း တိုကျိုမြို့ ကုလသမဂ္ဂရုံးရှေ့မှာ ပန်းဝင် အဆုံးသတ်မှာ ဖြစ်ပါတယ်။

သတင်း ဓာတ်ပုံ ဇော်ဇော်လှိုင်

7 months Ago
Up