မိုင်းလား အထူးဒေသ (၄)

A d v e r t i s e m e n t With Us

December 26, 2020

မိုင်းလား အထူးဒေသ (၄) တွင်  Lock Down ချ၊ နေအိမ်အပြင်ထွက်သူများကို အရေးယူ

အထူးဒေသ (၄) မိုင်းလားဧရိယာတစ်ခုလုံး Lock Down ချထားပြီး  သတ်မှတ်ချက် မလိုက်နာဘဲ နေအိမ်အပြင်ထွက်ပါက ဒဏ်ငွေရိုက် ပြစ်ဒဏ်ချမှတ်မယ်လို့ သိရပါတယ်။ မိုင်းလားမြို့နေထိုင်သူတစ်ဦးက “အိမ်ထဲက အပြင်ထွက်ခွင့်ကို လုံးဝမပေးပါဘူး။ အခုလို Stay At Home မကြေညာခင် ၃ ရက်လောက်ကတည်းက လိုအပ်တဲ့ စားသောက်ကုန်တွေ ဝယ်ထားဖို့ သတိပေးပြီးသားပါ။ တချို့ တရုတ်နိုင်ငံသားတွေက ခိုးပြန်ဖို့လုပ်တာတွေရှိတယ်။ ဂိတ်တွေတော့ လုံးဝပိတ်ထားတယ်။ အပြင်ထွက်တာတွေ့ရင်၊ Mask မတပ်ရင် ယွမ် ၅၀၀ ဒဏ်ငွေရိုက်တယ်လို့ သိရပါတယ်” လို့ပြောပါတယ်။ အထူးဒေသ (၄) မိုင်းလားမြို့နဲ့ တရုတ်နိုင်ငံ တာလော့မြို့ ဆက်သွယ်ထားတဲ့ ဝင်/ထွက်ပေါက်ကိုလည်း ပိတ်ထားပြီး ခိုးထွက်နိုင်တဲ့ လမ်းတွေပါ အစောင့်အကြပ်နဲ့ ပိတ်ထားတယ်လို့ သိရပါတယ်။  Stay At Home သတ်မှတ်ထားတဲ့ ကာလမှာ ၅ ရက်ခန့် ကြာမြင့်နိုင်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။  မြို့တွင်း လမ်းမတွေပေါ်မှာတော့ မြို့လုံခြုံရေးအစောင့်တွေအနေနဲ့ PPE ဝတ်စုံ ဝတ်ဆင်ထားပြီး နေအိမ်အပြင်ထွက်ပြီး သွားလာမှုမရှိအောင် စောင့်ကြပ်နေတာတွေလည်းရှိပြီး မိုင်းလားဧရိယာအတွင်း ကူးစက်မှုအခြေအနေကိုတော့ ထုတ်ပြန်ထားတာမရှိပါဘူး။  အထူးဒေသ (၄) မိုင်းလားဧရိယာ တစ်ခုလုံး Lock Down ချထားပြီး ပြည်သူအားလုံးကိုလည်း PCR စနစ်နဲ့ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးပေးနေပါတယ်။ အထူးဒေသ (၄) နဲ့ ထိစပ်နေတဲ့ အထူးဒေသ (၂) UWSA မြောက်ပိုင်းဧရိယာအတွင်း မိုင်းပေါက်မြို့မှာ ရောဂါပိုးတွေ့ရှိသူ ၁၈ ဦးနဲ့ ပန်ဆန်းမြို့မှာ ၉ ဦး စုစုပေါင်း ၂၇ ဦး တွေ့ရှိထားတယ်လို့ သိရပါတယ်။  သတင်း - ကိုဇက်
2 months Ago

မိုင်းလား အထူးဒေသ (၄) တွင် ‌ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ အခမဲ့ စစ်ဆေးပေး

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလား အထူးဒေသ ၄ မှာ ‌ဒီဇင်ဘာ ၂၅ နေ့ကစပြီး ကိုဗစ်-ရောဂါ ရှိ၊ မရှိ အာခေါင်တို့ဖတ်နမူနာယူတာ အခမဲ့စစ်ဆေးပေးနေတယ်လို့ သိရပါတယ်။ ဒေသ၏စီးပွားရေးနှင့်လူမှုရေး ပုံမှန်လည်ပတ်နိုင်ဖို့ မိုင်းလားဒေသတွင်းက နမ့်မချောင်း၊ ရွှေပြည်တံတား နာရီစင်ကနေ ပြည်ဝင်မုခ်ဦး စုပေါင်းစစ်ဆေးရေးဂိတ်အထိ၊ ရွှေပြည်တံတား နာရီစင်ကနေ သုညကီလိုအဝိုင်းပတ်၊ နမ့်မချောင်းမြောက်ဘက်နဲ့ ဝမ်ရှိဖွံ့ဖြိုးရေးဇုန်အထိ နေရာ ၄ နေရာမှာရှိတဲ့ ပြည်သူအားလုံးကို ဒီဇင်ဘာ ၂၅ နေ့က စတင်ကာ အခမဲ့စစ်ဆေးပေးနေတာပါ။ လုပ်ငန်းအဖွဲ့ရဲ့ လုပ်ငန်းပြင်ဆင်မှု အားနည်းချက်ကြောင့် အချို့စစ်ဆေးတဲ့နေရာတွေမှာ ပြည်သူတွေ စနစ်တကျ တန်းမစီတာနဲ့ ရောဂါစစ်ဆေးဖို့ လက်မှတ်မရတာတွေ ဖြစ်ခဲ့တယ်လို့ မိုင်းလား အာခေါင် တို့ဖတ် နမူနာ စစ်ဆေးရေး လုပ်ငန်းအဖွဲ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။ အာခေါင်တို့ဖတ်နမူနာယူစစ်ဆေးတာမှာ အထူးဒေသ (၄) အုပ်ချုပ်ရေးအဖွဲ့က ပြည်သူတွေကို တယောက်မကျန် စစ်ဆေးပေးမှာဖြစ်ပြီး ခပ်ခွာခွာစနစ်တကျ တန်းစီပြီး စစ်ဆေးမှုကို လက်ခံကြဖို့ဦ  ရောဂါစစ်ဆေးတဲ့ လက်မှတ်မရသူတွေအနေနဲ့လည်း မစိုးရိမ်ကြဖို့ တိုက်တွန်းထားပါတယ်။ ‌မိုင်းလားမှာရောက်ရှိနေတဲ့ ရှမ်းလူငယ်တဦးက “မနေ့က နာမည်စာရင်း လာယူသွားပြီး ဖုန်းနံပါတ်ပါ မှတ်သွားပါတယ်။ အလှည့်ကျတာနဲ့ ဖုန်းဆက်ခေါ်လို့ သွားစစ်ခဲ့ပါပြီ။ စစ်ဆေးခ မပေးခဲ့ရပါဘူး” လို့ ပြောပါတယ်။ ဒါ့အပြင် မိုင်းလား အထူးဒေသ (၄) အုပ်ချုပ်ရေးအဖွဲ့ကနေ စားနပ်ရိက္ခာအနေနဲ့ သိုလှောင်ထားတဲ့ အရန်ဆန်တွေကို ဈေးသက်သာစွာ ခွဲတမ်းနဲ့ ရောင်းချပေးတယ်လို့ သိရပါတယ်။ မိုင်းလားဒေသကို ခရီးသွားရာဇဝင်ရှိခဲ့တဲ့ တရုတ်နိုင်ငံသားတချို့မှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ဓာတ်ပုံ - Mongla News, Sai Tai KME
2 months Ago
Up