မိုင်းယောင်းမြို့နယ်

October 13, 2019

မိုင်းယောင်းမြို့နယ်တွင် စိတ်ကြွဆေးပြား ၅ သောင်း ဖမ်းဆီးမိ

ရှမ်းပြည်နယ် တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်မှာ အောက်တိုဘာ ၁၂ ရက်နေ့က စိတ်ကြွဆေးပြား ၅၀၀၀၀ ပြား ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ ဦးစီးတဲ့ ပူးပေါင်းအဖွဲ့ဟာ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့ မနက်ပိုင်းက  သတင်းအရ မိုင်းယောင်းမြို့နယ်၊ ဝမ်ဖကျေးရွာလမ်းမှာ စစ်ဆေးနေစဉ် မနာမူးတီ မောင်းနှင်ပြီး မနာပေါ်နဲ လိုက်ပါလာတဲ့ ဆိုင်ကယ်နဲ့ ကျဖေ့ (ခ) ကျလော မောင်းနှင်လာတဲ့ ဆိုင်ကယ်တို့ လှည့်ပြန်မောင်းနှင်ထွက်ပြေးတာကြောင့် လိုက်လ်ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ မနာမူးတီပါ ၂ ဦးရဲ့ ဆိုင်ကယ်အား ကျေးရွာလမ်းမှာ ဖမ်းဆီးရမိပြီး ကျဖေ့(ခ) ကျလောကတော့ မိုင်းဖြတ်-မိုင်းယောင်းကားလမ်း ကီလိုမီတာတိုင်အမှတ် (39 KM) လမ်းဘေးမှာ ဆိုင်ကယ်အား ထားပြီးထွက်ပြေးသွားခဲ့ပါတယ်။ ကျဖေ့(ခ)ကျလောရဲ့ ဆိုင်ကယ်အား စစ်ဆေးရာ ရှေ့ခွကြားမှာ ဆာလာအိတ်နဲ့ ထည့်ထားတဲ့ WY စိတ်ကြွဆေးပြား ၅၀၀၀၀ ပြားအား သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။  မနာမူးတီပါ မ ၂ ဦး (ဖမ်းမိ) နဲ့ ကျဖေ့(ခ)ကျလော(ဖမ်းမမိ)တို့အား မိုင်းယောင်းမြို့မရဲစခန်း မယ(ပ) ၁၅/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။
2 years Ago
Up