မိုင်းတုံမြို့နယ်တွင် တရားမဝင်သစ် ၁၇ တန်ကျော် ဖမ်းဆီးရမိ

A d v e r t i s e m e n t With Us

December 31, 2019

မိုင်းတုံမြို့နယ်တွင် တရားမဝင်သစ် ၁၇ တန်ကျော် ဖမ်းဆီးရမိ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်မှာ တရားမဝင် ခိုးထုတ်စုပုံထားတဲ့ ပိတောက်နဲ့ ကျွန်းသစ်ခွဲသား ၁၇ တန်ကျော် ဖမ်းဆီးရမိခဲ့တယ်လို့ မိုင်းတုံမြို့နယ်သစ်တောဦးစီးဌာန တာဝန်ရှိသူ တဦးက ပြောပါတယ်။ မိုင်းတုံမြို့နယ် သစ်တောကြိုးဝိုင်းဧရိယာနှစ်ခုမှ တရားမဝင်ခိုးထုတ်စုပုံထားတဲ့ ပိတောက်ခွဲသား ၅ တန်ကျော်နဲ့ ကျွန်းခွဲသား ၁၂ တန်ကျော်ကို ဒီဇင်ဘာ ၃၀ ရက် မနက်ပိုင်းက မိုင်းတုံမြို့နယ် သစ်တောဦးစီးဌာနက သတင်းအရ ရှာဖွေဖော်ထုတ်ဖမ်းဆီးခဲ့တာပါ။ မိုင်းတုံမြို့နယ်သစ်တောဦးစီးအရာရှိ ဦးသိန်းသန်းစိုးက “ပြည်နယ်ဒုညွှန်မှူးထံက သတင်း ရရှိတာကြောင့် မဲကင်ဘိနယ်နဲ့ လွယ်ခမ်းလုံ ၂ ဘိနယ်တွေကို ဝင်ရောက်စစ်ဆေးရှာဖွေရာက ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။ အခု လောလောဆယ် အသေးစိတ် တိုင်းတာစစ်ဆေး နေဆဲပါ။ သစ်တောဥပဒေအရ အမှုဖွင့် အရေးယူသွားမှာပါ။'' မိုင်းတုံမြို့နယ် မဲကင်ဘိနယ် မဲကင်ဂူကြိုးဝိုင်းအတွင်း တရားမဝင်ခုတ်ခွဲစုပုံထားတဲ့ ပိတောက်ခွဲသားဆိုဒ်စုံ ၅ တန်ကျော် ​ဒေသတန်ဖိုးကျပ်သိန်း ၉၀ လောက်နဲ့ လွယ်ခမ်းလုံ(၂)ဘိနယ် လွယ်ပွတ်ကြိုးဝိုင်းအတွင်း နေရာသုံးနေရာမှ ကျွန်းသစ်ခွဲသားဆိုဒ်စုံ ၁၂ တန်ကျော် ​ဒေသတန်ဖိုး ကျပ်သိန်း ၆၀ လောက်တို့ကို ဖော်ထုတ်သိမ်းဆည်းခဲ့ပြီး သစ်တောဥပဒေအရ အရေးယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ သတင်း- အောင်ဇေယျ
1 year Ago
Up