မိုင်းတုံမြို့

A d v e r t i s e m e n t With Us

February 8, 2021

မိုင်းတုံမြို့တွင် အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြစီတန်းခွင့် ပိတ်ပင်ခံရ

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့မှာ အာဏာသိမ်းစစ်အစိုးရရဲ့လုပ်ရပ်ကို မထောက်ခံတဲ့ လူငယ်တွေ စုဝေးပြီး ဒီနေ့မနက် ၉ နာရီခွဲမှစတင်ကာ ၅ မိနစ်ကြာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပါတယ်။

မိုင်းတုံမြို့မရဲစခန်းမှူး ဒုရဲမှူးက  ကိုဗစ်ကာလစည်းကမ်းနဲ့ ငြိမ်းစုစီဥပဒေအရ တရားဝင်စာတင်ခွင့်ပြုချက်တောင်းခံမှု မပြုခဲ့တဲ့အတွက် လူစုလူဝေးပြုလုပ်ခြင်းကို ခွင့်မပြုခဲ့ဘူးလို့ သိရပါတယ်။ 

ဒါကြောင့် စီတန်း လှည့်လည်မှုမပြုတော့ဘဲ မိုင်းတုံ အထက်တန်းကျောင်း အားကစားကွင်း အတွင်းမှာ ဆန္ဒသဘောထား ဖော်ထုတ်ချက်စာတမ်းတွေ ကိုင်ဆောင်ကာ လက်သုံးချောင်း ထောင်ပြီး ကမ္ဘာမကြေဘူး သီချင်းသီဆိုကာ ငြိမ်းချမ်းစွာ လူစုခွဲခဲ့ပါတယ်။

ဆန္ဒဖော်ထုတ်ရာမှာ ဒေသခံလူအချို့၊ ပညာရေးဝန်ထမ်းတွေနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်လူငယ်တွေ၊ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ် အင်အား ၅၀ လောက် ပါဝင်ပြီးး မိုင်းတုံမြို့နယ်သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် လူငယ်တွေ စုပေါင်းဆန္ဒထုတ်ဖော်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

သတင်း - အောင်ဇေယျ

3 weeks Ago

December 12, 2020

မိုင်းတုံမြို့ သဘာဝထုံးကျောက်ဂူကို အန္တရာယ်ရှိ တားမြစ်နယ်မြေအဖြစ် သတ်မှတ်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင် မိုင်းတုံမြို့အထွက် မိုင်းတုံ-မိုင်းဆတ် ကားလမ်းဘေးရှိ သဘာဝ ထုံးကျောက်ဂူကို မြို့နယ်စီမံခန့်ခွဲရေးကော်မတီက အန္တရာယ်ရှိနယ်မြေအဖြစ် သတ်မှတ်ပြီး ဒီဇင်ဘာ ၁၁ ရက်မနက်ပိုင်းမှာ ဂူဝကို ပိတ်ခဲ့တယ်လို့ မိုင်းတုံမြို့မရဲစခန်းမှူးက ပြောပါတယ်။ အဲဒီကျောက်ဂူမှာ သက်နုထုံးကျောက်ဂူ အမျိုးအစားဖြစ်ပြီး အချိန်မရွေး ပြိုကျနိုင်တာကြောင့် အခုလို ပိတ်ခဲ့တာလို့ မိုင်းတုံမြို့မရဲစခန်းမှူး ဒုရဲမှူးကိုကိုဇော်က ပြောပါတယ်။ “ဒီဂူကို အဖွဲ့စုံနဲ့ လေ့လာထားပါတယ်။ ဂူမကြီး ပေအရှည်က ပေ ၃၂၀ ရှိပါတယ်။ အဲဒီဂူမကြီးကနေ ဟိုဘက်ကို ဆက်ဝင်မယ်ဆိုရင် ၈၁ ပေ ဆက်ဝင်လို့ရပါတယ်။ ဒါပေမဲ့ ဝင်ရတာ ခက်ခဲပါတယ်။ ခေါင်းငုံ့လျှိုပြီး လေးဘက်ထောက်သွားရတဲ့အခြေအနေဆိုတော့ အန္တရာယ်များပါတယ်။ ထုံးကျောက်တောင်သက်နု ဖြစ်တဲ့အတွက်လည်း အန္တရာယ်များပါတယ်။ အခု Vibration နဲ့ ကုပ်ပြီး ဖော်ထားတဲ့အနေအထားကို ကြည့်မယ်ဆိုရင် ဝင်လို့ရမယ်လို့ လူတွေက ထင်ပေမဲ့ ဒီကျောက်တွေက သက်နုကျောက်ဖြစ်လို့ Vibration အရ ပြိုကျနိုင်တယ်။ အန္တရာယ်များလို့ ကျနော်တို့ ပြန်ပိတ်သွားမှာ ဖြစ်ပါတယ်။” အဲဒီထုံးကျောက်ဂူကို ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းက မြို့အဝင်လမ်းချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်ရာမှ ပေါ်ပေါက်လာတာဖြစ်ပြီး ဒေသခံအများအပြား လာရောက်လည်ပတ်ခဲ့ကြတဲ့ နေရာတခု ဖြစ်လာပါတယ်။ သတင်း - အောင်ဇေယျ
3 months Ago
More News
Up