မိုင်းခွဲ ဖျက်ဆီး

September 12, 2021

ပုလဲနှင့်ယင်းမာပင်မြို့နယ်တို့တွင် Mytel တာဝါတိုင် ၄ ခု ထပ်မံ မိုင်းခွဲ ဖျက်ဆီးခံရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်တို့မှာ စစ်တပ်နဲ့ စစ်ခေါင်းဆောင်မိသားစု အကျိုးစီးပွားနဲ့ ဆက်နွှယ်နေတဲ့  Mytel တိုင်ဝါတိုင်​ ၄  တိုင် စက်တင်ဘာ ၁၁ ရက်က ထပ်မံမိုင်းခွဲဖျက်ဆီးခံလိုက်ရတယ်လို့ သိရပါတယ်။

ဖျက်ဆီးခံလိုက်ရတဲ့ Mytel တာဝါတိုင်​ ၄ ခုဟာ ပုလဲမြို့နယ်က ၁ ခုနဲ့ ယင်းမာပင်မြို့နယ်က ၃ ခုတို့ဖြစ်ပါတယ်။

ပုလဲမြို့နယ် နွယ်​ရှောက်​ကျေးရွာအနီးက ၁ ခုနဲ့ ယင်းမာပင်မြို့နယ် လယ်​ငေါက်​ကျေးရွာအနီးက ၁ ခုတို့ဟာ ညပိုင်းမှာ ဖျက်ဆီးခံလိုက်ရတာဖြစ်ပြီး ယင်းမာပင်မြို့နယ် နံ့သာကုန်း​ကျေးရွာအနီးနဲ့ ​ပြောင်းပြာ​ကျေးရွာအနီးက တိုင်​တွေကတော့ ​နေ့ခင်းပိုင်းက ဖျက်ဆီးခံခဲ့ရတာ ဖြစ်တယ်လို့ ​ဒေသခံ​တွေက ​ပြောပါတယ်။

Mytel နဲ့ MPT တာဝါတိုင်​တွေကို စစ်​ကောင်စီဘက်က လုံခြုံ​ရေးတိုးမြှင့်​ဆောင်ရွက်ဖို့ ညွှန်ကြားချက် ထွက်​ပေါ်လာခဲ့ပြီး​နောက်ပိုင်းမှာလည်း နိုင်ငံအနှံ့က ​နေရာများများက Mytel တာဝါတိုင်​တွေ ထပ်မံဖျက်ဆီးခံ​နေရဆဲ ဖြစ်ပါတယ်။

အကြမ်းဖက် စစ်ခေါင်းဆောင်ကတော့ Mytel တာဝါတိုင်တွေကို မတိုက်ခိုက်ဖို့နဲ့  စစ်တပ်ကိုသာ တိုက်ခိုက်ဖို့  ပြောကြားထားပါတယ်။

2 years Ago
Up