မိုင်းခွဲဖျက်ဆီးခံရ

October 5, 2021

ညောင်လေးပင်မြို့နယ်၌ ၂ ရက်ဆက်တိုက် Mytel တာဝါတိုင်များ မိုင်းခွဲဖျက်ဆီးခံရ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာရှိ စစ်တပ်ရဲ့ အကျိုးစီးပွား Mytel ဆက်သွယ်ရေးတာဝါတိုင်ကို အောက်တိုဘာ ၄ ရက်နေ့က မိုင်းထောင် ဖျက်ဆီးခဲ့တယ်လို့ ဒေသခံ PDF အဖွဲ့က ပြောပါတယ်။ 

"မနေ့ညကတည်းက ထောင်ထားတာဗျ၊ အခု (အောက်တိုဘာ ၄ ရက်)  ည ၁၁ နာရီ ၄၅ မိနစ် အချိန်​ရောက်မှ ထပေါက်တာ"လို့ ဖောက်ခွဲတိုက်ခိုက်လိုက်တဲ့  PDFအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ပုဇွန်မြောင်းကျေးရွာသားတစ်ဦးကလည်း “ဖောက်ခွဲသံအသံအကျယ်ကြီးဗျ၊ အိမ်တောင် လှုပ်သွားတယ်”လို့ ပြောပါတယ်။

အောက်တိုဘာ ၃ ရက်နေ့ကလည်း ညောင်လေးပင်မြို့နယ်ရှိ တာဝါတိုင် ၂ တိုင် တပြိုင်တည်း  တိုက်ခိုက်ဖျက်ဆီးခံရပါတယ်။ 

တခုလို့ နေ့စဉ် တာဝါတိုင်တွေဖျက်ဆီးခံရတဲ့အတွက် စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေ ရောက်လာပြီး  ကျေးရွာမှာ ဝင်ရောက် စစ်ဆေးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ 

"စကစတာဝါတိုင်​တွေကို တိုက်ခိုက်တဲ့ဖြစ်စဉ်​တွေ ညောင်လေးပင်မြို့နယ်အတွင်း  နှစ်ရက် ဆက်တိုက်ဖြစ်သွားတော့ စကစတပ်တွေ ရွာထဲမှာ မိုးလင်းကတည်းက ခြေရူပ်နေကြတယ်။ ရွာသားတွေကလည်း တအားကို ကြောက်နေကြတာပေါ့"လို့  ရွာသားတစ်ဦးကပြောပါတယ်။

နပဲပင်ကျေးရွာရှိတာဝါတိုင်တတိုင်းနဲ့   နှင်းဝိသံတံတားကျေးရွာရှိ တာဝါတိုင်တတိုင် စုစု​ပေါင်း တာဝါတိုင် ၂ တိုင်  အောက်တိုဘာ ၃ ရက် ည ၁၂ နာရီလောက်က တချိန်တည်း တပြိုင်နက်တည်း မိုင်းခွဲ ဖျက်ဆီးခံရတာဖြစ်ပါတယ်။ 

2 weeks Ago

September 21, 2021

မြန်မာ-ဝမ်​ပေါင်ကုမ္ပဏီလုပ်ကွက်သို့ ပို့ဆောင်သည့် ရေပိုက်လိုင်း မိုင်းခွဲဖျက်ဆီးခံရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းက မြန်မာ-ဝမ်​ပေါင် ကုမ္ပဏီလုပ်ကွက်ကို ပို့​ဆောင်​ပေး တဲ့ ​ရေပိုက်လိုင်း ၁ ခု စက်တင်ဘာ ၂၀ ရက် ညပိုင်းက မိုင်းခွဲဖျက်ဆီးခံလိုက်ရတယ်လို့ သိရပါတယ်။

ဖျက်ဆီးခံလိုက်ရတဲ့ ​ရေပိုက်လိုင်းဟာ မုံရွာ-ပုသိမ် ကားလမ်း​ဘေး အ​ရှေ့ဘက်၊ ၁၆ ကုတင်ဆန့် တိုက်နယ်​ဆေးရုံရဲ့ အ​နောက်ဘက်က  ​ရေပိုက်လိုင်းဖြစ်ပြီး စက်တင်ဘာ ၂၀ ရက် ည ၉ နာရီခန့်​လောက်က မိုင်းခွဲဖျက်ဆီးခံလိုက်ရတယ်လို့ သိရပါတယ်။ 

အခုလိုလုပ်​ဆောင်ရတာဟာ တရုတ်နိုင်ငံက အကြမ်းဖက်စစ်​ကောင်စီနဲ့​ပေါင်းပြီး မြန်မာပြည်သူ​​တွေကို အနိုင်ကျင့်ယုတ်မာမှု​တွေအတွက် ပြန်​ပေးဆပ်ရမယ့်သ​ဘော​ ဆောင်​စေချင်လို့ လုပ်​ဆောင်တာလို့ ​အမည်မ​ဖော်လိုသူ တစ်ဦးက ​ပြောပါတယ်။

အဲဒီ​ရေပိုက်လိုင်းဟာ မြန်မာ-ယန်စီ လုပ်ကွက်က​နေ မြန်မာ-ဝမ်​ပေါင်လုပ်ကွက်ထဲကို ​ပေးပို့ထားတာဖြစ်ပြီး ဝမ်​ပေါင်လုပ်ကွက်အတွင်းမှာရှိတဲ့ ​မွေးမြူ​ရေးကြက်ခြံအပါဝင် စိုက်ပျိုး​ရေးနဲ့ လူသုံးရေ စသည်တို့ အသုံးပြု​နေတဲ့ပိုက်လိုင်းဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာ-ယန်စီ၊ မြန်မာ-ဝမ်​ပေါင် ကုမ္ပဏီတွေဟာ စစ်​တပ်ပိုင် ဦးပိုင်ကုမ္ပဏီနဲ့ တရုတ်နိုင်ငံမှ ကုမ္ပဏီတို့ အကျိုးတူ​ပူး​ပေါင်းကာ ​ဆားလင်းကြီးမြို့နယ်အတွင်းက လက်ပံ​တောင်း​တောင် နဲ့ ​ကြေးစင်​တောင်တို့မှ ​ကြေးနီသတ္တုကို အဓိကတူး​ဖော်​နေတာလည်း ဖြစ်ပါတယ်။

စစ်​ကောင်စီအာဏာသိမ်း​ပြီးနောက်ပိုင်း ဆားလင်းကြီးမြို့နယ်ထဲက မြန်မာ-ဝမ်​ပေါင်၊ မြန်မာ-ယန်စီ လုပ်ကွက်​တွေကို သွယ်တန်းထားတဲ့​ရေပိုက်လိုင်း​ ၁ ခု ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ​ဖောက်ခွဲခံရပြီး  အခုအကြိမ်နဲ့ဆို မိုင်းခွဲ​ဖျက်ဆီးခံရတဲ့ ​ရေပိုက်လိုင်း ၂ ခု ရှိပြီ ဖြစ်ပါတ

1 month Ago
More News
Up