မိုင်းခွဲတိုက်ခိုက်

November 9, 2021

သထုံက စစ်ကောင်စီ အမြောက်တပ် လက်နက်တိုက် တိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ အင်းရှည်ကျေးရွာအနီးက စစ်ကောင်စီရဲ့ အမှတ် ၄၀၂ အမြောက်တပ် လက်နက်တိုက်ကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ မွန်သထုံ အထူးကာကွယ်ရေးအဖွဲ့ (MTHSF) က ထုတ်ပြန်ပါတယ်။

အဲဒီအမြောက်တပ်ရဲ့ အနောက်ဘက်က လက်နက်တိုက်ကို နိုဝင်ဘာ ၈ ရက်နေ့ ညနေ ၅ နာရီအချိန်လောက်မှာ မိုင်းခွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

မွန်သထုံ အထူးကာကွယ်ရေးအဖွဲ့ကတော့ လက်နက်တိုက်အား တိုက်ခိုက်ပြီးနောက် ပျက်စီးဆုံးရှုံးမှုနဲ့ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေ အသေးစိတ်ကို ဆက်လက် စုံစမ်းနေတယ်လို့ ဆိုပါတယ်။

ဒေသခံတွေ အဆိုအရ အမှတ် ၄၀၂ အမြှောက်တပ် အနောက်ဘက်က ဂိုထောင်တစ်ခုမှာ ပေါက်ကွဲသံကြားရကြောင်းနဲ့ လက်နက်တိုက် ဟုတ် မဟုတ်ကို မသိရဘူးလို့ ဆိုပါတယ်။

အဲဒီပေါက်ကွဲမှုကြောင့် အမှတ် ၄၀၂ အမြှောက်တပ် အနောက်ဘက်က ဂိုထောင်တစ်ခု ထိခိုက်ပျက်စီးသွားခဲ့ပေမယ့် လူထိခိုက် ဒဏ်ရာရတာမရှိဘူးလို့ ပြောပါတယ်။

စစ်ကောင်စီ အမှတ် ၄၀၂ အမြောက်တပ်ဟာ ပြီးခဲ့တဲ့ သြဂုတ် တတိယအပတ်ကလည်း ဗုံးပစ်သွင်းခံထားရပါတယ်။

3 weeks Ago

September 21, 2021

စစ်ကောင်စီကားကို ကံမ PDF က မိုင်းခွဲတိုက်ခိုက်၊ ၂ ဦး ဒဏ်ရာရ

မကွေးတိုင်းဒေသကြီး ကံမမြို့နယ်မှာ စက်တင်ဘာ ၁၉ ရက်နေ့က ကံမ PDF က စစ်ကောင်စီတပ်သားတွေ လိုက်ပါလာတဲ့ကားကို မိုင်းခွဲတိုက်ခိုက်ရာ ၂ ယောက် ဒဏ်ရာရရှိ သွားတယ်လို့ PDF တပ်ဖွဲ့ကနေ သိရပါတယ်။

ကံမမြို့နယ် ရေနံသာနဲ့ ကျောက်ပန်းတောင်းကြားမှာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၈ ယောက်လောက် လိုက်ပါလာတဲ့ ဖောကားတစ်စီးကို ကံမ PDF က မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ယောက်ဒဏ်ရာရပြီး ကားအင်ဂျင်ပါ ထိခိုက်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

ဒါအပြင် အကြမ်းဖက်စစ်အုပ်စုတွေဟာ အင်အား ၃၀ လောက်နဲ့ ကျောက်စောင်းကျေးရွာ စာသင်ကျောင်းမှာ စက်တင်ဘာ ၁၇ ရက်နေ့ကတည်းက တပ်စွဲထားပြီး အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးတာတွေ ပြုလုပ်နေတယ်လို့ ကျောက်စောင်းရွာခံတစ်ယောက်က ပြောပါတယ်။

ကျောက်စောင်းကျေးရွာက နေအိမ်တွေကို ဝင်ရောက်မွှေနှောက်ကာ အမျိုးသမီးတစ်ဦး အပါဝင် ၁၃ ယောက်ကို ဖမ်းဆီးပြီး ရေနံ့သာရဲစခန်းကို ချုပ်နှောင်ထားတာ ဒီနေ့အထိ ပြန်မလွတ်သေးဘူးလို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ရွာရဲ့ လမ်းမတွေမှာ နေရာယူထားသလို နေအိမ်မှာကျန်ခဲ့တဲ့ ကလေးငယ်တွေကိုလည်း အပြင်ကိုမထွက်ဖို့ ဓားစာခံအဖြစ် တားမြစ်ထားသလို ဒေသခံပြည်သူ တစ်ချို့  ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

2 months Ago
More News
Up