မိုင်းခွဲ

November 25, 2021

စစ်ကောင်စီ ဆီတင်ယာဉ်တန်း မိုင်းခွဲခံရမှုကြောင့် ၇ ဦးသေဆုံး

မကွေးတိုင်း မြိုင်မြို့နယ်လက်ပံတို ရေနံမြေကနေ သယ်ဆောင်လာတဲ့ စစ်ကောာင်စီ ရေနံ ဆီဘောက်ဆာ ယာဉ်တွေနဲ့ လုံခြုံရေး ယူလာတဲ့ယာဉ်ကို ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ၇ ဦးသေဆုံးခဲ့တယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

မြိုင်မြို့နယ် လက်ပံတိုရေနံမြေက ယာဉ်တန်း ၁၀ စီးကို နိုဝင်ဘာ ၂၄ ရက်နေ့ မနက် ၈ နာရီခွဲအချိန်လောက်က ဖောက်ခွဲခဲ့တာလို့ ဆိုပါတယ်။

ယာဉ်တန်းကို လက်ပံတို- အရာတော်လမ်းပေါ်မှာ ပခုက္ကူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDFနဲ့ မြိုင် PDF အဖွဲ့ခွဲ မြေခွေးပျောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပြီး ရှော့တိုက်ဒုံးတွေ၊ အဝေးထိန်း မိုင်းတွေနဲ့ တိုက်ခိုက်ခဲ့တာလို့ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  သတင်းပြန်ကြားရေးနဲ့ ပြင်ပ ဆက်ဆံရေးတာဝန်ခံက ပြောပါတယ်။

ဆီဘောက်ဆာယာဉ်တစ်စီး၊ စက်ကလေးတင်ဆောင်လာတဲ့ ယာဉ် ၁ စီး ထိခိုက်ပျက်စီးသွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ ဆီသယ်ယာဉ်တန်း တိုက်ခိုက်ခံရမှုကြောင့် သေဆုံးဒဏ်ရာရရှိတာနဲ့ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

1 week Ago

November 22, 2021

မတ္တရာမြို့နယ်၌ စစ်ကောင်စီယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊  ခြေတော်ရာရွာ ကိုယ်ရင်လေးတောင်ကွေ့အနီးမှာ နိုဝင်ဘာ ၂၂ ရက် ညနေ ၅ နာရီခွဲကျော်က အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

ယာဉ်တန်းမှာ ကား ၃  စီးပါပြီး ပေါက်ကွဲမှုကြောင့် အလယ်က ယာဉ်မြောက်သွားကာ အကြမ်းဖက် စစ်ကောင်စီ တပ်သားတချို့ အသေအပျောက်ရှိနိုင်တယ်လို့ မတ္တရာမြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။

“ဒေသအခေါ် ကိုယ်ရင်လေးတောင်ကွေ့ နားမှာဖြစ်တာ။ ကားပေါ်ကနေ ခုန်ဆင်းတာတွေရှိတယ်။ အဲ့ဒါတွေကိုလည်း သေနတ်နဲ့ ပစ်တယ်လို့လည်း ကြားတယ်။ ထိခိုက် သေဆုံးကတော့ ရှိနိုင်တယ်။ ဘယ်နှဦးလည်း မသိရသေးဘူး။” 

စစ်ကောင်စီတပ်ရဲ့ ယာဉ်တန်းဟာ ဆည်တော် အထက်ပိုင်းရွာတွေကနေ မွှေနှောက် ပြန်လာတဲ့ဖြစ်ကာ ပေါက်ကွဲမှုဖြစ်အပြီးမှာလည်း ရမ်းသန်းပစ်ခတ်တာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

2 weeks Ago
More News
Up