မိုင်တဲလ်တာဝါတိုင် ၁၁ တိုင်

September 10, 2021

အရာတော်မြို့နယ်အတွင်း မိုင်တဲလ်တာဝါတိုင် ၁၁ တိုင် ဖောက်ခွဲဖျက်ဆီးခံရ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အတွင်းမှာရှိတဲ့ အကြမ်းဖက်စစ်အုပ်စုပိုင်ဆိုင်တဲ့ မိုင်တဲလ်တာဝါတိုင် ၁၁ တိုင်ကို ဖောက်ခွဲဖျက်ဆီးလိုက်တယ်လို့ အရာတော်မြို့နယ်တော်လှန်ရေးအင်အားစုတွေက စက်တင်ဘာ ၁၀ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

တော်လှန်ရေးအင်အားစုတွေအနေနဲ့ စက်တင်ဘာ ၈ ရက်ည ၁၁ နာရီလောက်က ၇ တိုင်ဖောက်ခွဲဖျက်ဆီးခဲ့ပြီး၊ စက်တင်ဘာ ၉ ရက်ညပိုင်းကလည်း မြေလတ်ပိုင်းမှာရှိတဲ့ မိုင်တဲလ်တာဝါတိုင် ၄ တိုင် ထပ်မံ ဖောက်ခွဲ မိးရှို့ဖျက်ဆီးလိုက်တယ်လို့ ဆိုပါတယ်။

နိုင်ငံအနှံ့အပြားက စစ်အုပ်စုပိုင် မိုင်တဲလ်တာဝါတိုင်တွေကို အာဏာရှင်စနစ်မလိုလားသူ‌တွေက ဖောက်ခွဲဖျက်ဆီးနေတာဖြစ်ပြီး အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)က နိုင်ငံ အရေးပေါ်အခြေအနေကြေညာအပြီးမှာ မိုင်တဲလ်တာဝါတိုင် ၄၀ ထက်မနည်း ဖောက်ခွဲ ဖျက်ဆီးခံထားရာဖြစ်ပါတယ်။

2 years Ago
Up