မိုင်ဂျာယာန်

August 22, 2021

KIO ထိန်းချုပ်နယ်မြေ မိုင်ဂျာယာန်တွင် တရားမ၀င် မြန်မာဘီယာများကို ဖျက်ဆီး (ဓာတ်ပုံ)

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေအတွင်းရှိ မိုင်ဂျာယာန်မှာ တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာဘီယာဖာတွေကို ဩဂုတ် ၂၁ ရက်မှာ ဖမ်းဆီးဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ကိုဗစ်ကာလအတွင်း စားသောက်ကုန်ပစ္စည်းတွေကို အဓိကတင်သွင်းခွင့်ပြုထားပေမယ့် အရက်၊ ဘီယာ တင်သွင်းခွင့်ကို တားမြစ်ထားတာပါ။

သက်ဆိုင်ရာကော်မတီတွေကနေ ရှောင်တခင် ၀င်ရောက်စစ်ဆေးရာမှာ နယ်စပ်ဖြတ်ကျော် တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာအမှတ်တံဆိပ် ဘီယာဖာ ၅၀ ကို စစ်ဆေးတွေ့ရှိခဲ့တာလို့ မြို့အုပ်ချုပ်ရေးပိုင်းတာ၀န်ရှိသူတစ်ဦးဆီက သိရပါတယ်။ 

ပုံ - kachin net

4 months Ago

July 22, 2021

ကေအိုင်အိုထိန်းချုပ်နယ်မြေ မိုင်ဂျာယာန်တွင် ကိုဗစ်လူနာ ၅၀၀ ကျော်ရှိလာ

ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ထိန်းချုပ်ရာနယ်မြေ မိုင်ဂျာယာန်မှာ ဇူလိုင် ၂၁ ရက်နေ့အထိ ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာ ၅၀၀ ကျော်ရှိလာပြီလို့ ဒေသတွင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

လွန်ခဲ့နှစ်ရက်အတွင်း စစ်ဆေးချက်အရ ပိုးတွေ့လူနာ စုစုပေါင်း ၁၆၈ ဦးအထိ တွေ့ရှိခဲ့တာဖြစ်ပြီး အများစုမှာ ပညာရေးကောလိပ်ကျောင်းက စာချပုဂိုလ်တွေနဲ့ ကျောင်းသူကျောင်းသားတွေ ဖြစ်ကာ မိုင်ဂျာယာန် ဖက်ဒရယ်အကယ်ဒမီကျောင်းနဲ့ အခြား ‌ဒေသခံတွေဆီမှာလည်း ပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

မိုင်ဂျာယာန်မှာ ပိုးတွေ့အတည်ပြုလူနာ ၅၅၁ ဦးအထိရှိလာခဲ့ကာ ၅၈ ဦးက ပြန်လည်သက်သာလာပြီး ကျန်ရှိတဲ့ ပိုးတွေ့လူနာ ၄၉၃ ဦးကိုလည်း ကျန်းမာရေး၀န်ထမ်းအလုံအလောက်နဲ့ ကုသပေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အခု ပိုးတွေ့လူနာအများစုက ကျောင်းသူကျောင်းသား လူငယ်တွေဖြစ်တာကြောင့် သာမန် နှာစီးချောင်းဆိုးပြီး အနံ့မရတာလောက်ပဲရှိကြောင်း၊ လက်ရှိ  မိုင်ဂျာယာန်မှာ  စေတနာ့၀န်ထမ်း ဆရာ၀န်တွေ အများအပြား ရှိနေပြီး ကျန်မာရေး၀န်ထမ်းလုံလောက်စွာနဲ့ ကုသပေးနေကြတယ်လို့ ဒေသခံအရပ်ဘက် အဖွဲ့အစည်းတွေဆီက သိရပါတယ်။

5 months Ago
Up