မိုင်းတုံ​ဆေးရုံကို ကုတင်​ ၅၀ ဆန့်​ ပြည်​သူ့​ဆေးရုံအဖြစ် အဆင့်မြှင့်တင်​​ပေးရန်လိုအပ်​​နေ

May 31, 2018

မိုင်းတုံ​ဆေးရုံကို ကုတင်​ ၅၀ ဆန့်​ ပြည်​သူ့​ဆေးရုံအဖြစ် အဆင့်မြှင့်တင်​​ပေးရန်လိုအပ်​​နေ

  ရှမ်းပြည်နယ်၊ မိုင်းတုံ​ပြည်​သူ့​ဆေးရုံကို ကုတင်​ ၅၀ ဆန့်​ ပြည်​သူ့​ဆေးရုံအဆင့် မြှင့်တင်​​ပေးဖို့ လိုအပ်​​နေတယ်လို့ မိုင်းတုံမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးက ပြောပါတယ်။ မိုင်းတုံမြို့နယ်​ပြည်​သူ့​ဆေးရုံဟာ ၂၀၁၇ ခုနှစ်​အတွင်း ကုတင်​အသုံးချမှု ၁၆၀ ရာခိုင်​နှုန်းရှိခဲ့တဲ့အပြင်​ ကျန်းမာ​ရေးဝန်​ထမ်းတွေရဲ့ ဝန်​​ဆောင်​မှု ​ကောင်းမွန်​လာတဲ့အတွက် အ​ကောင်းဆုံးမြို့နယ်​​ဆေးရုံစံပြဆု ရရှိထားတာပါ။ မိုင်းတုံမြို့နယ်ရှိ လက်ရှိ ၂၅ ကုတင်​​ဆေးရုံဟာ ​သတ်​မှတ်​ထား​တဲ့ ကုတင်​အသုံးချမှုထက်​ များစွာ​ကျော်​လွန်​လာလို့  ကုတင် ၅၀ ဆန့်​​ ဆေးရုံအဖြစ် တိုး​ချဲ့​ဆောင်​ရွက်​​ပေးဖို့ ရှိ/မရှိ မေ ၂၉ ရက်​​ ပြည်​သူ့လွှတ်​​တော်​အစည်းအ​ဝေးမှာ မိုင်းတုံမြို့နယ် အမတ် ဦး​အောင်​​ကျော်​ဦးက မေးမြန်းခဲ့ပါတယ်​။ ကျန်းမာ​ရေးနဲ့အားကစားဝန်​ကြီး ​ဒေါက်​တာမြင့်ထွေးကတော့ လတ်​တ​​လောလိုအပ်​တဲ့ ECG စက်​သစ်​နဲ့ လိုအပ်​ပစ္စည်း​တွေကို ၂၀၁၈ ဇွန်​လမှာ ဖြည့်စွက်​​ပေးသွားမှာဖြစ်​ပြီး ကုသ​ရေး ရန်​ပုံ​ငွေ လိုအပ်​ချက်​ရှိလာရင်​လည်း ထပ်​တိုး​ပေးသွားမယ်လို့ ပြန်​လည်​​ဖြေကြားခဲ့ပါတယ်​။ လက်ရှိ ဆေးရုံရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မိုင်းတုံမြို့နယ်​ ကျန်းမာ​ရေးဦးစီးဌာနမှူး​ ဒေါက်​တာသက်​ခိုင်​မင်းက “ကျနော်တို့​ဆေးရုံကို ဝန်​ထမ်းအိမ်​ယာ ၆ ခန်းတွဲ တ​ထပ်​နဲ့ ခွဲစိတ်​ခန်း ခွင့်ပြုမယ်​လို့သိရတယ်​။ ​ဆေးဝါးက​တော့ ပြည်​နယ်​ရဲ့ ခွဲတမ်းအတိုင်းရမှာ​ပေါ့။ ပြည်​နယ်​ကျန်းမာရေးဆေးရုံ (ကျိုင်းတုံ)က ခွဲ​ပေးတာ​တွေ ရှိတယ်​။ ၁၀၀ ရာခိုင်​နှုန်း FOC ​တော့ရမှာ မဟုတ်​ဘူး။ ကျိုင်းတုံ​ ဆေးရုံအုပ်​ကြီးနဲ့ ပြည်​နယ်​ ကျန်းမာ​ရေးဦးစီးဌာနမှူးရဲ့ စီမံခန့်​ခွဲမှုနဲ့ လိုတဲ့​နေရာ​တွေ ဖြည့်​ပေးဖို့​တော့ ရှိပါတယ်”လို့​ ပြောပါတယ်​။ မိုင်းတုံ​ဆေးရုံ ကုတင်​အသုံးပြုမှုနှုန်းမှာ ၂၀၁၃ ခုနှစ်​မှာ ၃၃ ရာခိုင်နှုန်း၊ ၂၀၁၄ ခုနှစ်မှာ ၃၄ ရာခိုင်နှုန်း၊ ၂၀၁၅ ခုနှစ်မှာ ၃၀ ရာခိုင်နှုန်း ၂၀၁၆ ခုနှစ်​မှာ ၅၀ ရာခိုင်နှုန်း၊ ၂၀၁၇ ခုနှစ်​မှာ ၁၆၀ ရရာနှုန်းထိ မြင့်တက်​သွားပြီး တ​ရက်​ပျှမ်းမျှပြင်​ပလူနာ ၆၈.၉ ​ယောက်​နှုန်းနဲ့ ပျှမ်းမျှအတွင်း လူနာ ၃၉.၉ ​ယောက်​နှုန်း ကုသ​ပေးခဲ့ရပါတယ်​။ ​ဆေးရုံကုတင်​မလုံ​လောက်​တဲ့အတွက် ၂၀၁၇ခုနှစ်​အတွင်း​ဆေးရုံတိုးချဲ့​ဆောင်​သစ်​ကို ဝမ်​ဟုန်​​ရော်​ဘာစိုက်​ပျိုး​ရေးကုမ္ပဏီက ကျပ်​သိန်း ၂၈၀ တန် ​ကုတင် ၂၀ လောက် ဆေးရုံ​ဆောင်​သစ်​နဲ့​ လိုအပ်တဲ့ ကုတင်​နဲ့ အခြားပစ္စည်းမျိုးစုံ လှူဒါန်း​ပေးခဲ့ရပါတယ်​။ မိုင်းတုံပြည်​သူ့​ဆေးရုံကုတင်​အသုံးချမှု ၂၀၁၈ ခုနှစ်​မှာ ​ရာခိုင်​နှုန်းဆက်​တက်​လာပါက ကုတင်​ ၅၀ေ​ဆးရုံအဆင့်သို့ တိုးမြှင့်​​ပေးသွားမှာဖြစ်​ပြီး ​လော​လောဆယ်​ ခွဲစိတ်​​ဆောင်​နဲ့ ၆ ခန်းတွဲဝန်​ထမ်းအိမ်​ယာကို ​ငွေလုံး​ငွေရင်းရန်​ပုံ​ငွေမှ ခွင့်ပြုသွားဖို့ရှိနေတယ်လို့ သိရပါတယ်​။ သတင်း၊ ဓာတ်​ပုံ - ​အောင်​​ဇေယျ(မိုင်းတုံ)
4 years Ago
Up