မိုင်းတုံမြို့နယ်​တွင်

December 30, 2017

မိုင်းတုံမြို့နယ်​တွင် လင်​မယား ၂ ​ဦး ဓားဒဏ်​ရာများဖြင့်​ သေဆုံး

မိုင်းတုံမြို့နယ်​၊ လွယ်​ခမ်းလုံ​ကျေးရွာအုပ်​စု ပါခတ်​​ကျေးရွာမှာ လင်​မယားနှစ်​ယောက် ဓားဒဏ်​ရာတွေနဲ့ သေဆုံးမှုတခု ဖြစ်ပွားခဲ့ပါတယ်။ “သမီးနဲ့သမက်​က အခြားရွာက​နေ က​လေး​မွေးရင်း ​ဆေးကုရင်း အိမ်​မှာ ခဏလာ​နေတာပါ။ ည ၇ နာရီ​လောက်​မှာ ကျ​မ​ဈေးဆိုင်​မှာ ​ဈေးသွားဝယ်​​နေတုန်း အိမ်​ဘက်​က တူမီး​သေနတ်​သံကြားလို့ ပြန်​လာ​တော့ သမီး​ရော သမက်​​ရော ဒဏ်ရာ​တွေနဲ့ ​သေ​နေတာ​တွေ့ပြီး ​ဘေးအိမ်​​တွေကို​ အော်​​ပြော အကူအညီ​တောင်းခဲ့တယ်​။ ပြီး​တော့ရဲစခန်းကို သွား​ပြောခဲ့တာပါ" လို့ ​​သေဆုံးသူမိန်းက​လေးရဲ့ မိခင်​​ဒေါ်နာအီက ​ပြောခဲ့ပါတယ်​။ ​သေဆုံးသူမိန်းက​လေး မနားကျို အသက် ​၂၅ နှစ်​၊ ခင်​ပွန်း ​မော်​ကျို အသက်​ ၃၀ နှစ်​တို့ဟာ ပါခတ်​​ကျေးရွာက မိဘတွေနေအိမ်မှာ ပြီးခဲ့တဲ့ ရက်​ ၂၀ လောက်က လာ​ရောက် ​မီးဖွားပြီး မပြန်​မီ အခုလို အခင်းဖြစ်​ပွားခဲ့တာဖြစ်ပါတယ်။ မိုင်းတုံမြို့မရဲစခန်းမှူး ဒုရဲမှူး သန်းလွင်​က “အခင်းဖြစ်​​နေရာကို​ ရောက်​ရှိချိန်​မှာ သူတို့နှစ်​ဦးလုံး အိပ်​ရာထဲမှာ ဓားဒဏ်​ရာနဲ့ လဲကျ​သေဆုံး​နေတာပါ။ ​ဘေးမှာလည်း အရှည်​ ၁ ​ပေ ၉ လက်​လောက်ရှိတဲ့ ဓားဦးချွန်​တစ်​​ချောင်းရယ်၊ ​အရှည်​ ၄ ပေ ၁၀ လက်​မရှိတဲ့ တူမီး​သေနတ်​တစ်​လက်​ရယ်​ကို​ တွေ့ရှိသက်​​သေခံအဖြစ်​ သိမ်းဆည်းလာခဲ့ပါတယ်​။ ဖြစ်​စဉ်​အ​သေးစိတ်​နဲ့ အခြားသူတဦး ပ​ယောဂ​ကြောင့် ဟုတ်​မဟုတ်​ကို​တော့ စုံစမ်းစစ်​​ဆေး​နေဆဲပါ” လို့ ပြောပါတယ်။ မနားကျိုရဲ့ ဝဲဖက်​ချို​စောင်းမှာ  ၃ လက်​မခန့်​ပြတ်​ရှဒဏ်​ရာတစ်​ချက်​၊ ဝဲဖက်​​မေး​အောက်​ ၆ လက်​မခန့်​ပြတ်​ရှဒဏ်​ရာတစ်​ချက်​၊ ဝဲဖက်​ရင်​အုံမှာ သုံးလက်​မခန့်​ထိုးသွင်းဒဏ်​ရာ တစ်​ချက်​နဲ့ ခင်​ပွန်းဖြစ်​သူ​ မော်​ကျိုမှာ ရင်​ဘတ်​ညိုမည်း ဒဏ်​ရာတစ်​ချက်​၊ နားနှစ်​ဖက်​​နဲ့ ပါးစပ်​အတွင်းက သွေးထွက်​ဒဏ်​ရာတွေနဲ့ေ​သေဆုံး​နေတာလို့ ဆိုပါတယ်။ မိုင်းတုံမြို့မရဲစခန်းက ရာဇသတ်​ကြီးပုဒ်​မ-၃၀၂ နဲ့ အမှုဖွင့် စုံစမ်းစစ်​​ဆေး​နေဆဲ ဖြစ်​ပါတယ်​။ ​အောင်​​ဇေယျ(မိုင်းတုံ)
4 years Ago
Up