မိုင်းတုံတွင်

February 10, 2018

မိုင်းတုံတွင် မိုင်းအန္တရာယ်​ကင်းရှင်း​ရေး အသိပညာ​ပေး

မိုင်းတုံတွင် မြို့နယ်ကြက်ခြေနီအသင်းက ကျေးရွာလူထုကို မိုင်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်ပေးခဲ့ပါတယ်။ “မြို့နယ်​အတွင်းမှာရှိတဲ့ ​ကျေးရွာလူထုကို စစ်​မက်​ဖြစ်​ပွားချိန်​နဲ့ အခြားအချိန်​​တွေမှာ မိုင်းနဲ့​ပေါက်​ကွဲ​စေတတ်​တဲ့ ပစ္စည်း​တွေကို​တွေ့ရှိလာရင်​ သတိပြု​ရှောင်​ရှားတတ်​စေဖို့ရယ်​၊ ကာကွယ်​​ရေးနည်းလမ်း​တွေကို လက်​​တွေ့လက်​​ဆောင်​တတ်​​စေဖို့ အသိပညာ​ပေး​ ဟော​ပြောခဲ့တာ ဖြစ်​ပါတယ်။ အဓိကက​တော့​ ပေါက်​ကွဲ​စေနိုင်​တဲ့ ပစ္စည်း​တွေကို လူထုက သိရှိထားပြီး ​ရှောင်​ရှားတတ်​​စေဖို့ပါ” လို့ မြို့နယ်​ကြက်​​ခြေနီအသင်း ကိုယ်​စား အသိပညာ​ပေး ​ဆွေး​နွေးခဲ့သူ ​စေတနာ့ဝန်​ထမ်း ဦး​အောင်​ဝင်း​ဌေးက ​ပြောပါတယ်​။ မြန်​မာနိုင်​ငံ ကြက်​​ခြေနီအသင်းက ညွှန်​ကြားချက်​အရ မြို့နယ်​ကြက်​​ခြေနီအသင်းခွဲက ကြက်​​ခြေနီ​မောင်​မယ်​၊ ​စေတနာ့ဝန်​ထမ်းနဲ့ ပရဟိတအဖွဲ့တို့ ပူး​ပေါင်းပြီး မြို့နယ်​တွင်းရှိ တိုင်းရင်းသား​ကျေးရွာတွေကို မိုင်းအန္တရာယ်​ကင်းရှင်း​ရေး အသိပညာ​ပေး လိုက်​လံ​ဟော​ပြောခဲ့ကြတာ ဖြစ်​ပါတယ်​။ မိုင်းတုံမြို့နယ်​မှာ ထိုင်းနိုင်​ငံချင်းမိုင်​မြို့နယ်​နဲ့ နယ်​နမိတ်​ချင်းထိစပ်​​နေတဲ့ မြို့နယ်​တခုဖြစ်​ပြီး အရင်က တိုင်းရင်းသားလက်​နက်​ကိုင်​အဖွဲ့တွေနဲ့ တပ်​မ​တော်​တို့ မကြာခဏ တိုက်​ပွဲတွေ ဖြစ်​ပွားခဲ့ရာ​ ဒေသတ​ခုဖြစ်​တာကြောင့် နှစ်​ဖက်​တပ်​တွေ အပြန်​အလှန်​​ ထောင်​ထားတဲ့ စွန့်​လွှတ်​မိုင်းတွေ ကျန်​ရှိ​နေနိုင်​တဲ့ နယ်​​မြေ​ဒေသတခုလည်း ဖြစ်​ပါတယ်​။ မြို့နယ်​ကြက်​​ခြေနီ အသင်းခွဲအ​နေနဲ့ ​ကျေးရွာအုပ်​စု(၉)အုပ်စုအတွင်းရှိ ​ကျေးရွာ​ပေါင်း ၇၀ လောက်ကို ဇန်​နဝါရီလ ​နောက်​ဆုံးပတ်​မှာ စတင်​ပြီး လိုက်​လံ​ဟော​ပြော​နေတာပဲ ဖြစ်​ပါတယ်​။ ​အောင်​​ဇေယျ
4 years Ago
Up